DAY 4—UNANSWERED PRAYERS (AND FAITH)
DAY 7—YOUR WILL BE DONE ON EARTH AS IT IS IN HEAVEN
DAY 8—GIVE US THIS DAY OUR DAILY BREAD
DAY 9—FORGIVE US OUR DEBTS AS WE FORGIVE OUR DEBTORS
DAY 10—DO NOT LEAD US INTO TEMPTATION
Sabbath Celebration
Design the final Sabbath of Ten Days of Prayer to celebrate God’s goodness and mighty power. Tell how you have experienced the power of prayer and share the valuable spiritual insights gained during the past ten days. Rejoice in what God has done, is doing, and will do.
The needs of each congregation are unique, so please work with local leaders to develop a specific plan for your church. Here are some possible items to include in your final Sabbath church service.
2025 Theme:
But When You Pray . . . (Prayer Principles from Jesus)
Theme Verses:
“Lord, teach us to pray.” (Luke 11:1, NKJV)
Our Father in heaven, hallowed be Your name.
Your kingdom come. Your will be done on earth as it is in heaven.
Give us this day our daily bread. And forgive us our debts, as we forgive our debtors.
And do not lead us into temptation, but deliver us from the evil one.
For Yours is the kingdom and the power and the glory forever. Amen.
(Matt. 6:9-13, NKJV)
၁၀ ရက်တာ ဆုတောင်းခြင်း ( January 8-21, 2025 )
_______________________________________________________________________________________
သို့သော် ကျွန်ုပ်တို့ဆုတောင်းသည့်အခါ ….
နေ့ရက် (၁) ကျွန်ုပ်၌တည်နေပါ
_______________________________________________________________________________________
“ငါသည်စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်းသူ၌ တည်၏။ ထိုသူသည် များစွာသောအသီးကို သီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှမတတ် နိုင်ကြ။” (ယောဟန် ၁၅း၅)
အဆက်မပြတ် ဆက်သွယ်လျက်ရှိသည် – အသီးသီးခြင်းအတွက် အရေးပါသောအခြေအနေ
ကျွန်ုပ်သည် ဘွဲ့ရသင်တန်းဆင်းပြီးနောက် အသင်းတော်ငယ်သုံးခုရှိသည့် နယ်တစ်ခုသို့ သွားရောက် အမှု ဆောင်ရန် ခေါ်ယူခြင်းခံရပါသည်။ ဆောင်းရာသီအချိန်ဖြစ်သည်။ အသင်းတော်တစ်ခုတွင် အသင်းဝင် များမှာ သက်ကြီးရွယ်အို အများစုဖြစ်သည်။ ခရစ္စမတ်အစီအစဉ်ကဲ့သို့ အလွန်ကောင်းသောအစီအစဥ်ရှိသည့် ဥပုသ်တော် နေ့မျိုးတွင်သာ တက်ရောက်သူ ၄၀ ဦးခန့်ရှိနိုင်ပါသည်။ အစီအစဥ်မကောင်းသောဥပုသ်နေ့မျိုး တွင် ၁၀ ယောက် ခန့်သာရှိသည်။
ဥပုသ်နေ့တစ်နေ့၌ အလွန်ချမ်းအေးနေသည်။ အနုတ် ၃၂ ဒီဂရီ ဖာရင်ဟိုက် ဝန်းကျင်ရှိခဲ့ပြီး လူပေါင်းကိုး ယောက်သာရောက်လာသည်။ ကျွန်ုပ်၏မိသားစု လေးယောက်နှင့် အခြားအသင်းသား ငါးယောက် ဖြစ်ပါသည်။ ကျွန်ုပ်ဟောပြောရမည်ဆိုရင်တောင် ဟောပြောသင့်သလားဟု တွေးမိပါသည်။ အသက် ၉၀ ခန့်ရှိသည့်အသင်း လူကြီးအမျိုးသမီးက “ကျွန်မတို့ ဆယ်ဖို့တစ်ဖို့ပေးကြတယ်၊ ဒါကြောင့် ဆရာ တရားဟော ပြောဖို့ လိုတယ်” ဟုပြော ခဲ့သည်။ ထို့ကြောင့် ကျွန်တော် တရားဟောခဲ့ပါသည်။
ယောဟန် ၁၅:၄–၈ မှ နှုတ်ကပတ်တော်ကို ဟောပြောခဲ့သည်။ အခန်းလေးခန်း၌ ယေရှုက “ငါ၌ တည်နေကြ လော့” ဟုသုံးကြိမ်ပြောခဲ့သည်။ ဟေဗြဲယဉ်ကျေးမှုတွင် သုံးကြီမ်မြောက်အောင် ထပ်ခါတလဲလဲ ပြောထားသောအရာ သည် အလွန်အရေးကြီးပြီး မရှိမဖြစ်လိုအပ်သည့်အရာဖြစ်သည်။ ခရစ်ယာန် ဘဝ အသက်တာတွင် ကျွန်ုပ်တို့၏လုပ် ဆောင်မှုများစွာမရှိသည်ကို အလေးပေးပြောပြခဲ့သည်။ ကျွန်ုပ်တို့ အမှု ဆောင်ဖို့ ဖိတ်ခေါ်ခံရသော်လည်း မိမိဖာသာ ဘယ်တော့မှရလဒ်များ ရရှိမှာမဟုတ်ပါ။ သို့ရာတွင် ကျွန်ုပ်တို့သည်ကိုယ်တော်၌ တည်နေလျှင် တောင်းသမျှကို လုပ် ဆောင်ပေးမည်ဟု ယေရှုမိန့်ဆိုခဲ့သည်။ မသေချာ၊ မရေရာသောအရာ မဟုတ်ပါ။ အောင်မြင်မှုအတွက် အာမခံချက် ၁၀၀ ရာခိုင်နှုန်းဖြစ်ပါသည်။
“ဒါက ကျွန်တော်တို့ လုပ်နိုင်တဲ့အရာမဟုတ်ပါဘူး၊ ဒါပေမဲ့ တကယ့်ထူးခြားမှုကို ဖြစ်စေတဲ့ ဘုရား သခင်သာ လုပ်ပေးနိုင်တဲ့အရာဖြစ်တယ် ” ဟု သောတရှင်များကို ကျွန်ုပ်ပြောပြခဲ့သည်။
စာရေးသူ အယ်လင်ဂျီဝှိုက် က “(ခရစ်ယာန်အမှုထမ်းရွက်ခြင်း – စာမျက်နှာ၊ ၄၃၈) တွင်ပြောထား သည်မှာ ‘သင့်ကိုအောင်မြင်ခြင်းပေးသည်မှာ ယခုသင်ပိုင်ထားသော (သို့မဟုတ်) သင်၌အမြဲရှိနေသော လုပ်ကိုင်နိုင်စွမ်း ကြောင့်မဟုတ်ပါ။ ဤအမှုသည် သင့်အတွက် ဘုရားသခင်လုပ်ပေးသည့်အရာဖြစ်သည်။ ကျွန်ုပ် တို့သည် လူကလုပ် ပေးနိုင်သောအရာများ၌ စိတ်ချယုံကြည်မှုနည်းနိုင်သမျှနည်းဖို့လိုအပ်သည်။ သို့သော် ယုံကြည်သူဝိညာဥ်တိုင်းအတွက် ဘုရားသခင်လုပ်ပေးသောအရာများ၌မူကား ပို၍ပို၍ ယုံကြည်စိတ်ချမှုရှိကြရမည်။’
ကျွန်ုပ်၏အသင်းတော်ကိုပြောပြခဲ့သည်မှာ ဆုတောင်းခြင်းသည် “ဝိညာဉ်ရေးတန်ခိုး၏လျှို့ဝှက်ချက်ဖြစ် သည်” (ဆုတောင်းခြင်း၊ စာ ၁၂)။ ကျွန်ုပ်တို့ကို “ခွန်အား၏အရင်းအမြစ်နှင့်ဆက်သွယ်ထားသည်” (ဆုတောင်းခြင်း၊ စာ ၂၇၂)။ ဆုတောင်းခြင်းက ဘုရားသခင်၏ “အတိုင်းအဆမဲ့သယံဇာတများ” (သုခချမ်းသာ လမ်းညွှန်၊ စာ ၁၃၂) ကို ရရှိစေသည်။ ယင်းသည် စာတန်၏ တိုက်ခိုက်မှုများကို ဆန့်ကျင်သော ထိရောက်မှု အများ ဆုံး လက်နက်ဖြစ်သည် (အသင်းတော်အတွက် သက်သေခံချက်များ၊ စာ ၂၉၅၊ ၂၉၊ ၃၄၅၊ ၃၄၆)
မဿဲ ၁၈:၁၉၊ ၂၀ တွင် သခင်ယေရှုပေးခဲ့သည့် ကတိတော်အကြောင်း သူတို့ကို ကျွန်ုပ်ပြောပြခဲ့သည်။ “တဖန် ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ဆုတောင်းလျှင်၊ တောင်းသမျှ သောဆုတို့ကို ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။ အကြောင်းမူကား၊ အကြင် အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့ အလယ် မှာ ငါရှိသည်ဟု မိန့်တော်မူ၏”။ “လူ ၂၀၀ သို့မဟုတ် ၃၀၀” ကတောင်းလျှင်ဟု မပြောထားဘဲ စိတ်သဘောတူညီလျက် “လူ ၂ သို့မ ဟုတ် ၃ ဦး” ကတောင်းလျှင် ငါလုပ်ပေးမည်ဟုပြောထားသည်။ “ငါလုပ်ပေးကောင်း လုပ်ပေးမယ်” ဟု မပြောဘဲ ရှင်း ရှင်းလင်းလင်းဖြင့် “ငါလုပ်မယ်” ဟုပြောထားပါသည်။
ကျွန်ုပ်၏တရားနာသူအနည်းငယ်ကိုပြောခဲ့သည်မှာ “ဘာအလုပ်မှမလုပ်ဖို့ ရွေးချယ်ရန်မဟုတ်ပါ။ ကျွန်တော် တို့ ဆုတောင်းပြီး အလုပ်လုပ်ရမယ်။ ဒါမှသာ ဘုရားသခင်က သူကတိပေးထားတဲ့အတိုင်း အဖြေ ရလဒ်တွေကို ပေး လိမ့်မယ်။” ဤတရားဟောချက်သည် ဆုတောင်းခြင်း၏တန်ခိုးနှင့်ပတ်သက်သော ခိုင်မာ သောတရားတော်ဖြစ် သည်။
ကျွန်ုပ်၏ဇနီးနှင့်ကျွန်ုပ် အိမ်ကို ကားမောင်းပြန်သွားသည့်အခါ သူမကိုပြောလိုက်သည် “ငါတို့ ပြောင်းရွှေ့ဖို့ လိုတယ်။ ဒီအသင်းတော်ကတော့ ကြီးထွားလာဖို့ မျှော်လင့်ချက်မရှိဘူး။” သူမက ကျွန်ုပ်၏ တရားဟောချက်ဖြစ် သည့် ယေရှု၏ကတိတော်များအကြောင်းကို ပြန်ပြီးထပ်ပြောခဲ့သည်။ သူမက “ဘာလို့ အသင်း သားများတွေကို ဆု တောင်းဖို့ မခေါ်တာလဲ” ဟုမေးခဲ့သည်။ ကျွန်တော် တွန့်ဆုတ်တုန့်ဆုတ်ဖြင့် သူမ အကြံ ပြုသည့်အတိုင်းပြုခဲ့ပါသည်။ ထိုအမျိုးသမီးအနည်းငယ်သည် နံနက်တိုင်း ၆:၃၀ နာရီတွင်ဆုတောင်းရန် စုရုံး လာကြသည်။ သန့်ရှင်းသောဝိညာဉ် တော်ကျရောက်ရန်၊ အသင်းတော်ကြီးထွားရန်၊ မိသားစုများအတွက်၊ မြို့တော်အတွက်၊ ကျွန်ုပ်တို့အသင်းတော်အ တွက် ဘုရားသခင်၏အစီအစဉ်နှင့် ကျွန်ုပ်တို့လုပ်ဆောင်ရမည့် အရာများကို ရှင်းလင်းစွာသိရှိနိုင်ရန် ဆုတောင်းခဲ့ ကြသည်။ သုံးလကြာပြီးနောက် အသင်းသူအသင်းသား ပေါင်း ၁၂၀ ခန့်တက်ရောက်လာခဲ့ကြသည်။
ဘုရားသခင်သည် သူ၌အစဥ်အပြတ်တည်နေရန် သင်တို့ကိုခေါ်ယူနေပါသည်။ အဆက်မပြတ် ဆုတောင်းဖို့၊ ကိုယ်တော်နှင့်အဆက်အသွယ်မပြတ်ဖို့၊ နှင့် သူနှင့်အတူ လျှောက်လှမ်းဖို့ ဖိတ်ခေါ်နေပါသည်။ ကိုယ်တော်က သူ၌ အစဥ်တည်နေရန် သင့်ကို ဖိတ်ခေါ်နေသလို ကိုယ်တော်သည်လည်း သင်၌တည်နေရန် နေ့စဥ်ဖိတ်ခေါ်ရမည်။ ထို အရာသာလျှင် သင့်အတွက် စစ်မှန်သည့် တန်ခိုး၏ တစ်ခုတည်းသော အရင်းအမြစ် ဖြစ်သည်။ ထိုအရာသာလျှင် သင် ၏လုံခြုံမှုဖြစ်သည်။ သင်သည် ဘုရားသခင်နှင့်ဆက်သွယ်နေသရွေ့ စာတန် သည် သင့်အပေါ် ၌ လွှမ်းမိုး နိုင်သည့် တန်ခိုးမရှိပါ။ သင်၌တည်သော ခရစ်တော် နှင့် ကိုယ်တော်၌တည်သော သင်၊ ထိုအရာသည် သင်၏ ကြီးထွားမှုနှင့် အောင်မြင်မှုအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
အတူတူဆုတောင်းကြပါစို့။
ဆုတောင်းချိန် (၃၀-၄၅ မိနစ်)
ဆုတောင်းခြင်းအဖွဲ့အားလုံးတွင် အတူတကွဆုတောင်းသည့် နည်းလမ်းအမျိုးမျိုးရှိကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်ဦးဆောင်သည့် မည်သည့်နည်းဖြင့်မဆို နောက်ထပ် မိနစ် ၃၀-၄၅ မိနစ်ကို စည်းလုံးစွာ (လေးဦးဆု တောင်းခြင်း) ဆုတောင်းရန် သင်တို့အား ကျွန်ုပ်တို့တိုက်တွန်းပါသည်။ ဆုတောင်းချက်အတို များကို (၁-၃ ဝါကျ) ကို အားပေးပါသည်။ ယင်းက လူများစွာကို အကြိမ်ကြိမ်ပြန်ဆုတောင်းနိုင်သည့် အခွင့် အရေးရစေသည်။ ကျမ်းစာမှတစ် ဆင့် ဆုတောင်းခြင်း၏ နမူနာအချို့ကို အောက်တွင်ဖော်ပြထားသည်။ သင် သည် အခြားကျမ်းပိုဒ်များမှတစ်ဆင့် ဆု တောင်းပေးနိုင်ပြီး သင့် ဆုတောင်းချိန်တွင် အခြားအကြောင်းအရာ များကိုလည်း ထည့်သွင်းပေးနိုင်ပါသည်။ ခေါင်းဆောင်၏ လမ်းညွှန်မှုနှင့် ကမ္ဘာ့အသင်းတော်ဆုတောင်းချက် များကို ဆုတောင်းဖို့ တောင်းဆိုချက်တွေကို ကြည့်ပါ။
ဘုရား၏နှုတ်ကပတ်တော်ဖြင့်ဆုတောင်းခြင်း – ယောဟန် ၁၅း၅
“ငါသည်စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌ တည်၏။ ထိုသူသည် များစွာသောအသီးကို သီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင် ကြ။”
“အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏။”
သခင်ယေရှု၊ ကိုယ်တော်၌မည်သို့တည်နေရမည်ကို ကျွန်ုပ်တို့ကို နေ့စဥ် သင်ပေးပါ။ သခင်မရှိလျှင် ကျွန်ုပ်တို့သည် အသက်ပေးသည့်စပျစ်နွယ်ပင်နှင့် သီးခြားခွဲထားခြင်းခံရသည့် သက်မဲ့ အကိုင်းခြောက်များနှင့် တူပါ သည်။ ကျွန်ုပ် တို့နှင့်အတူ လျှောက်သွားပါ၊ အလုပ်လုပ်ပါ၊ စကားပြောပါ။ ကျေးဇူးပြု၍ ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် တည်နေ၍ ကျွန်ုပ်တို့မှတဆင့် ဤလောကကို ချစ်တော်မူပါ။
“ထိုသူသည် များစွာသောအသီးကို သီးတတ်၏။”
သခင်၊ ဖြောင့်မတ်ခြင်းရှိသမျှသည် ကိုယ်တော့်ထံမှလာသည်ကို ကျွန်ုပ်တို့သိကြပါ၏။ ကျွန်ုပ်တို့ဘဝမှာ ဝိညာဉ် တော်၏အသီးကို စိုက်ပျိုးပေးပါ။ ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်မှု၊ ငြိမ်းချမ်းခြင်း၊ ငြိမ်းချမ်းခြင်း၊ ကြင်နာမှု၊ ကောင်းမြတ် ခြင်း၊ သစ္စာစောင့်သိခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းတို့ဖြင့် ကျွန်ုပ်တို့ကို ဖြည့် ဆည်းပေးပါ။ ကျွန်ုပ်တို့၏ ဘဝသည် ကျွန်ုပ်တို့တွေ့ဆုံသူတိုင်းကို အစွန်းမဲ့စရိုက်လက္ခဏာကို ရောင်ပြန်ဟပ် စေပါ။
“ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ။”
သခင်၊ ကျွန်ုပ်တို့ကိုယ်ပိုင်ဖြောင့်မတ်ခြင်းသည် ညစ်ညမ်းသော အဝတ်အထည်များနှင့် တူ၏။ ကျွန်ုပ်တို့၏ ကတိများ ကို ချိုးဖျက်ကြသည်၊ ရန်သူများအပေါ်ပြစ်မှုကျူးလွန်သည်၊ ချစ်သူများအပေါ် သစ္စာဖောက်သည်၊ ကိုယ်တော်၌မ တည်လျှင် ကျွန်ုပ်တို့သည် ခိုကိုးရာမဲ့ပြီး ဆုံးၡုံးကြပါ၏။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်းနှင့် ကျေးဇူး တော်ကို နေ့တိုင်းလိုအပ်ပါသည်။ ကိုယ်တော်ဖက်၌ကျွန်ုပ်တို့ကို နီးစွာထားတော်မူပါ။
နောက်ထပ်ဆုတောင်းချက်အကြံပြုချက်များ
ကျေးဇူးတင်ချီးမွမ်းခြင်း – အထူးသောကောင်းချီးများအတွက် ကျေးဇူးတင်ပါ၊ ဘုရားသခင်၏ ကောင်းမြတ် မှုအတွက် ဘုရားသခင်ကို ချီးမွမ်းပါ။
အပြစ်ဝန်ခံခြင်း – မိမိ၏ပုဂ္ဂလိက အပြစ်ဝန်ခံခြင်းအတွက် မိနစ်အနည်းငယ်အချိန်ယူပြီး ဘုရားသခင်၏ ခွင့်လွှတ်မှု အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါ။
လမ်းညွှန်ချက် – လက်ရှိစိန်ခေါ်ချက်များနှင့် ဆုံးဖြတ်ချက်များအတွက် ဉာဏ်ပညာပေးဖို့ ဘုရားသခင်ကိုတောင်းဆို ပါ။
ကျွန်ုပ်တို့၏အသင်းတော် – ဒေသန္တရနှင့် ကမ္ဘာ့အသင်းတော်၏လိုအပ်ချက်များအတွက် ဆုတောင်းပါ (တောင်းဆို ချက်များကို သီးခြားစာရွက်တွင် ကြည့်ပါ)။
ဒေသခံတောင်းဆိုချက်များ – အသင်းတော်၏အသင်းသားများ၊ မိသားစုနှင့် အိမ်နီးချင်းများ၏ လက်ရှိလိုအပ်ချက် များအတွက် ဆုတောင်းပါ။
နားထောင်ပြီး တုံ့ပြန်ခြင်း – ဘုရားသခင့်အသံကို အချိန်ယူနားထောင်ပြီး ချီးမွမ်းသီချင်းနှင့် တုံ့ပြန်ပါ။
အကြံပြုသီချင်းများ – မြော်လင့်ခြင်းဓမ္မသီချင်း နံပါတ် – ၇ “နေမြဲနေတော်မူပါကျူး”၊ နံပါတ် – ၉၈ “ခေါ်တော် မူသံကိုကျွန်ုပ်ကြားရပြီကျူး”၊ In the Garden (SDAH #487)
အခြားသီချင်းများ – Into My Heart; As the Deer; Open My Eyes, Lord; Unto Thee, O Lord
___________________________________________________________________
DAY 2—TEACH US HOW TO PRAY (ဆုတောင်းခြင်းကို သင်ပေးပါ)
“တရံရောအခါ ကိုယ်တော်သည် တစုံတခုသောအရပ်တွင် ဆုတောင်းတော်မူပြီးလျှင်၊ တပည့်တော် တ ယောက်က၊ သခင်၊ ဆုတောင်းစေခြင်းငှါ ယောဟန်သည်မိမိတပည့်တို့အား နည်းပေးသကဲ့သို့ အကျွန်ုပ်တို့အား နည်းပေးတော်မူပါဟု လျှောက်သော်၊” (လုကာ ၁၁း၁).
ခရစ်ယာန်အသက်တာ၏နှလုံးသား
ဆုတောင်းခြင်းသည် မရှိမဖြစ်၊ အရေးကြီးသည်။
“နံနက်တိုင်း၊ ဆုတောင်းခြင်းဖြင့် သင်၏အလုပ်ကိုစတင်ရန် အချိန်ယူပါ။ ဒီလိုအချိန်တွေ အလဟသ ဖြုန်းတီးတယ်လို့ မထင်ပါနဲ့။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် ထာဝရကာလကို ဖြတ်သန်းရမည်ဖြစ်သည်။ ဤနည်းအားဖြင့် အောင်မြင်မှုနှင့် ဝိညာဉ်ရေးအောင်ပွဲ များ ဝင်လာမည်ဖြစ်သည်။” (Testimonies for the Church, vol. 7, p. 194).
တပည့်တော်များသည် ယေရှုဆုတောင်းသည်ကို မကြာခဏတွေ့မြင်ကြသည်။ သလခင်ယေရူ၏ ဆုတောင်းခြင်းအသက် တာသည် သူတို့နှင့်မတူကြောင်း သူတို့သတိပြုမိကြသည်။ တပည့်တော်များသည် ဝိညာဉ်ရေးကောင်းသူများဖြစ်သည်။ သူတို့သည် ဆက် ကပ်အပ်နှံထားသော စိတ်နှလုံးများရှိပြီး ဘုရားသခင်ကို ဝတ်ပြုလိုကြသည်။ ဥပုသ်စောင့်နေ့မှာဘုရား ကျောင်းသို့သွားကြတယ်၊ ဆယ်ဖို့တစ်ဖို့မှန်မှန်ကန်ကန်ပေးတယ်၊ သန်းရှင်းသောအစားအစာကိုသာစားကြတယ်။ ဣသ ရေလလူတိုင်း အထူးသဖြင့် တပည့် များသည် ဆုတောင်းနည်းကို သိကြသည်မဟုတ်လား၊?
ဆုတောင်းနည်းကို သိသည်ဟု ကျွန်ုပ်တို့ထင်သည်။ ကလေးတွေတောင် ဆုတောင်းရကောင်းမှန်း သိတယ်။ တပည့်တော်တို့သည် ယေရှုဆုတောင်းခြင်းကိုကြည့်ရှုကြ၏။ — ပြီးတော့ သူတို့ရဲ့ ဆုတောင်းချက်တွေကို သူ့နဲ့ နှိုင်းယှဥ်ပြီး—သူတို့ ဘယ်လို ဆုတောင်း ရမှန်း မသိဘူးဆိုတာ သိလာတယ်။ ဒါကြောင့် “ဆုတောင်းတတ်အောင် သင်ပေးပါ” လို့ တောင်းဆို ကြတယ်။ (Luke 11:1).
ဆုတောင်းခြင်းသည် အလွန်ရိုးရှင်းသည်ဟု ကျွန်ုပ်တို့ ယူဆပါသည်။ ဟုတ်တယ်၊ ဘုရားသခင်က အရိုးရှင်းဆုံး ဆု တောင်းတာကို နားထောင်လိမ့်မယ်။ သို့သော် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဆုတောင်းခြင်းအသက်တာကို အစဉ်အမြဲ တိုးတက်နေရမည်ဖြစ်သည်။
တရားဟောသောအခါ မည်သူမျှ ထိထိမိမိနှင့် လှုံ့ဆော်မှုမခံရကြောင်း တပည့်များက သတိပြုမိကြသည်။ သူတို့သည် ဖျားနာသူ များကို ကုသရန် သို့မဟုတ် နတ်ဆိုးများကို နှင်ထုတ်ရန် ကြိုးစားသော်လည်း ၎င်းတို့တွင် အစွမ်းမရှိပေ။ သခင်ယေရှုကို “အဘယ် သို့ပြုသနည်း” ဟု မေးလျှောက်ကြ၏။ သခင်ယေရှုက “ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်း” ဟုဆိုခဲ့သည်။
ယရှေုက အခြေခံအားဖြင့် သင်သည် သင်၏ကိုယ်ပိုင်ဉာဏ်ဖြင့် အရာများကို မလုပ်ဆောင်နိုင်ဟု ဘုရားသခင်၏ တန်ခိုး တော်၌သာ ဖြစ်နိုင်သည်ဟုမိန့်တော်မူသည်။ သင်အောင်မြင်ဖို့အတွက် လေးလေးနက်နက် ဆုတောင်းရမယ်။ ထိုမှတ ပါး၊ ရောမဩဝါဒစာမှာ ရှင်ပေါလုကပြောသည်မှာ “ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည်ဆုတောင်းသင့်သည်အ တိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။” (Rom. 8:26).
“ဆုတောင်းခြင်းသည် အသက်သာ၏ထွက်သက်ဖြစ်သည်။ ဝိညာဉ်တန်ခိုးလျှို့ဝှက်ချက်ဖြစ်သည်။. … ဆုတောင်းခြင်းကို လျစ်လျူ ရှုပြီး သို့မဟုတ် ရှေ့တိုးနောက်ငင် ဆုတောင်းပြီး၊ အဆင်ပြေပုံရပြီးသော်လည်း၊ သင်သည် ဘုရားသခင်အပေါ် ဆုပ်ကိုင်ထားမှုကို ဆုံးရှုံးမည်ဖြစ်ပါသည်။” (Prayer, pp. 12, 13).
ယေရှုသည် တန်ခိုးကြီးသောဆုတောင်းခြင်းအသက်တာရှိခဲ့ပြီး တစ်ညလုံးဆုတောင်းလေ့ရှိသည်။ “သခင်ယေရှုသည် လူများကြားတွင် နေတော်မူစဉ်၊ မကြာခဏ ဆုတောင်းလေ့ရှိသည်။. . . . အရာရာ၌ ကျွန်ုပ်တို့၏စံနမူနာဖြစ်တော်မူ၏။. ခမည်းတော်နှင့်ဆက် ဆံရာတွင် နှစ်သိမ့်မှုနှင့် ရွှင်လန်းမှုတို့ကို သူတွေ့ရှိခဲ့သည်။ လူသားတို့၏ ကယ်တင်ရှင်ဖြစ်သော ဘုရားသခင်၏သားတော်သည် ဆုတောင်းခြင်း၏ လိုအပ်မှုကို ခံစားမိလျှင်၊ ကျွန်တော်တို့အားနည်းသော အပြစ်သား များအတွက် ဘယ်လောက်ထိပိုလိုအပ်မည် နည်း။ (Steps to Christ, pp. 93, 94).
ယေရှုသည် ဆုတောင်းခြင်းကို ဦးစားပေးခဲ့သည်။ “နံနက်အချိန်၊ မိုဃ်းမလင်းမှီကိုယ်တော်သည်ထပြီးလျှင် တောအရပ် သို့ထွက် ကြွ၍ ဆုတောင်းတော်မူ၏။” (Mark 1:35, NKJV). ယေရှုသည် ဆုတောင်းရန် အချိန်နှင့်နေရာရှိသည်။
တပည့်တော်များကလည်း၊, “ဆုတောင်းနည်းကို သင်ပေးပါ,”ဟုတောင်းဆိုသောအခါ၊ စကားလုံးအသိကျနှင့် ဒီလို တောင်းပါဟု မပြောခဲ့ပါ။ အမှန်မှာ၊ သူတို့ဆုတောင်းတိုင်း တူညီသောစကားလုံးများကို ထပ်တလဲလဲမပြုလုပ်ရန် ရှင်းရှင်းလင်းလင်းမိန့် တော်မူခဲ့သည် (မ ၆း၇)။ ယေရူကိုယ်တော်တိုင်သည် အခြေအနေ၏ လိုအပ်ချက်များနှင့်အညီ ယောဟန် ၁၇ တွင် မတူညီသော ဆုတောင်းချက်တစ်မျိုးကို ဆုတောင်းခဲ့သည်။
“ဆုတောင်းခြင်းသည် သူငယ်ချင်းကဲ့သို့ ဘုရားသခင်ထံ နှလုံးသားကို ဖွင့်ပေးခြင်းဖြစ်သည်။” (Steps to Christ, p. 93). ဆုတောင်း ခြင်းသည် ဆွေးနွေးမှုတစ်ခုလိုပါပဲ ကျွန်ုပ်တို့၏စိတ်နှလုံးကို ဘုရားသခင်ထံ ပွင့်ပွင့်လင်းလင်းပြောဆိုခြင်း နှင့်တူပါသည်။ ဆု တောင်းတိုင်း ထပ်တူစကားလုံးတွေ ထပ်ခါထပ်ခါပြောရင် အဲဒါက ပုံမှန်စကားလုံးဖြစ်လာပြီး ဘာဆုတောင်းမှန်းကိုတောင်အာရုံ စိုက်ပြီးစဉ်းစားမှာမဟုတ်ဘူး။
ဆုတောင်းခြင်းနှင့်ကျမ်းစာလေ့လာဖတ်ရူခြင်းတို့သည် အတူတူတွန်တွဲတင့်ပါတည်။ ဆုတောင်းသောအခါ ကျွန်ူပ် တို့သည် ဘုရား သခင်ထံသို့ စကားပြောခြင်းဖြစ်ပါတယ်။ ထို့အတူ၊ သမ္မာကျမ်းစာအားဖြင့်ဘုရားသခင် ကျွန်ုပ်တို့နဲ့ပြန် လည်စကားပြောပါတယ်။
ယေရူသည်ဆုတောင်းခြင်းအသက်သာနှင့်အသက်ရှင်ခဲ့တယ်။ နံနက်စောစောဆုတောင်းတယ်။ ကောင်းသောနေရာ ကိုရွေးပြီး အဖခမည်း တော်နဲ့ လွတ်လပ်စွာစကားပြောခဲ့ပါတယ်။ သူဆုတောင်းသလို့ ကျွန်တော်တို့ ဆုတောင်းဖို့ သခင် ခရစ်တော်ဖိတ်ခေါ်နေပါတယ်။
Let’s pray together (အတူတကွဆုတောင်းကြရအောင်)
Prayer Time (ဆုတောင်းချိန်) – 30–45 Minutes
ဆုတောင်းအဖွဲ့အားလုံးတွင် အတူတကွ ဆုတောင်းနည်းအမျိုးမျိုးရှိသည်။ အခုချိန်ကစပြီး မိနစ် ၃၀ – ၄၅ လောက် အချိန်ယူပြီး သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြသည့်အတိုင်း အတူတကွစုပေါင်းဆုတောင်းခြင်း နည်းလမ်းကိုအသုံးပြု ဆုတောင်းကြဖို့ အားပေးတိုက်တွန်းချင်ပါတယ်။ စကားလုံးတိုတိုရှင်းရှင်း ၁-၃ ကြောင်းလောက်နှင့်ဆုတောင်းဖို့ တိုက် တွန်း ချင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် များများပါဝင်လို့ရသလို အကြိမ်များများလည်း ဆုတောင်းချက်များထည့်လို့ ရမှာဖြစ်ပါတယ်။ သမ္မာကျမ်းစာကိုအခြေပြုဆုတောင်းခြင်းပုံစံ အောက်မှာ ဥပမာပေးထားပါတယ်။ အခြားသော ကျမ်း ပိုက်များလည်းအစားထိုးထည့်လို့ရပါတယ်။ ဆုတောင်းခြင်းနှင့်ပတ်သက်ပြီး နည်းလမ်းနှင့်အကြံပို ရရှိရန် ခေါင်းဆောင် လက်ဆွဲကိုလည်းကြည့်ပြီး ကမ္ဘာတဝန်း မြော်လင့်ခြင်း အသင်းတော်၏ ဆုတောင်တင်ပြချက်များ ကိုလည်းကြည့်ပါ။
နုတ်ကပတ်တော်နှင့်ဆုတောင်းခြင်း — Luke 11:1
“တစ်နေ့တွင် ယေရှုသည် တစ်နေရာ၌ ဆုတောင်းနေပါသည်။ ပြီးသောအခါ တပည့်တော်တစ်ဦးမှ “သခင်၊ အကျွန်ုပ်တို့ ကို ဆုတောင်းတတ်အောင် သွန်သင်တော်မူပါ” ဟုလျှောက်လေ၏။
“ယေရှုသည် တစ်နေရာ၌ ဆုတောင်းနေ၏”
အဘ၊ ယေရှုကဲ့သို့ ဆုတောင်းတတ်ရန် ကျွန်ုပ်တို့ကို သွန်သင်ပါ။ ကျွန်တော်တို့မှာ အကြောင်းပြချက်ရှာ၊ မအားမလပ် အာရုံမစိုက်ဖြစ်နေသည်ကို ဝန်ခံပါတယ်။ ကိုယ်တော်ရှင်အတွက်အကောင်းဆုံးသောအချိန်ကိုနေ့စဉ် ရွေးချယ်နိုင်ပါ ရန်ကူညီ မစတော်မူပါ။ ကျွန်တော်တို့ အသက်သာမှာ ဉီးစားပေးသောအရာများ ပြောင်းလဲနိုင်ရန်ကူညီပြီး ကိုယ်တော် နှင့်ပိုနီးကပ်စေသောအကျင့်ကိုပေးသနားတော်မြပါ။
“Lord, teach us to pray”
သခင်၊ ကိုယ်တော်သည် တပည့်တော်တို့ကို ပြတော်မူသည်အတိုင်း၊ဆုတောင်းခြင်းကိုတင်ပေးပါ။ ကိုယ်တော်ပေးထား သော ဆုတောင်းခြင်းအတွက်လည်းကျေးဇူးတင်ပါတယ်။ ကိုယ်တော်နောက်သို့လိုက်ပြီးကိုယ်တော်နည်းတူ ဆုတောင်း ခြင်းအသက်သာပိုင်ဆိုင်နိုင်ဖို့ ကူညီတော်မြပါ။ ကျွန်တော်တို့၏အသက်သာကို ကိုယ်တော်၏သန့်ရှင်းသော ဝိညဉ်တော် နှင့်ပြည့်ဝစေပြီး ကျွနုပ်တို့၏ဆုတောင်းခြင်းအားဖြင့် မိမိတို့ အသက်သာ၊ မိသားစု၊ အသင်းတော်၊ နှင့် ဘေးဂပတ်ဝန်းကျင် ကို ကိုယ်၏နိုင်ငံတော်အတွက် ပြုပြင်ပြောင်းလဲစေတော်မူပါ။
More Prayer Suggestions (ဆုတောင်းခြင်းနည်းလမ်းများ)
- Thanks and Praise: (ကျေးဇူးတင်ခြင်းနှင့်ဂုဏ်တော်ချီးမွမ်းခြင်း)
- တိကျသောမိမိခံစားရသော ကောင်းချီးမင်္ဂလာများအတွက် ကျေးဇူးတော်ချီးမွမ်းပြီး ဘုရားသခင်၏ကောင်းမြတ်မှုအတွက် နာမတော်ကို ချီးမွမ်းပါ။
- Confession (ဝန်ချတောင်းပန်ခြင်း):
- သီးသန့်ဝန်ခံခြင်းအတွက် မိနစ်အနည်းငယ်ယူကာ သူ၏ခွင့်လွှတ်မှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါ။
- Guidance (လမ်းပြမူကိုတောင်းဆိုခြင်း):
- a လက်ရှိကြုံတွေ့နေရသောစိန်ခေါ်မှုများနှင့် အရေးကြီးသောဆုံးဖြတ်ချက်များအတွက် ဉာဏ်ပညာကို ဘုရားသခင်ထံ တောင်းလျှောက်ပါ။
- Our Church (အသင်းတော်အတွက်ဆုတောင်းခြင်း):
- a ဒေသဆိုင်ရာနှင့် ကမ္ဘာ့အသင်းတော်လိုအပ်ချက်များအတွက် ဆုတောင်းပါ။
- Local Requests (မိမိတို့တင်ပြသောဆုတောင်းချက်များ):
- အသင်းသူသင်းသာများ၊ မိသားစုဝင်များ နှင့် အိမ်နီးနားခြင်းများအတွက်ဆုတောင်းပေးပါ
- Listen and Respond:
- ဘုရားသခင်၏ အသံကို နားထောင်ပြီး ချီးမွမ်းခြင်း သို့မဟုတ် သီချင်းဖြင့် တုံ့ပြန်ရန် အချိန်ယူပါ။
Song Suggestions (သီဆိုလို့ရမည့်သီးချင်းများ)
SDA Hymnal:
- Sweet Hour of Prayer (#478); (ဆုတောင်းငြိမ်ချိန်ကျူး – #၁၉၉)
- Hear Our Prayer, O Lord (#684); ( နားညောင်းပါအရှင်ကျူး – #၂၆၆)
- What a Friend We Have in Jesus (#499) (မိတ်ရွှေရေရူရှိကျူး (၂၀၄)
Other Songs:
- Seek Ye First;
- Turn Your Eyes Upon Jesus;
- In Moments Like These
- ___________________________________________________________________
DAY 3—အတိအကျဖြစ်ပါစေ။
“သင်တို့သည် ဆုတောင်းသောအခါ ဘုရားသခင်ကို မကိုးကွယ်သောသူများ ဆုတောင်းသကဲ့သို့ အဓိပ္ပာယ်မဲ့သောစကားဖြင့် မရွတ်ဆိုကြနှင့်။ ထိုသူတို့သည် များစွာသောစကားတို့ကို ထပ်တလဲလဲရွတ်ဆိုပါက ဆုတောင်းပြည့်မည်ဟု ထင်မှတ် ကြ၏။ ထိုသူတို့ကဲ့သို့ မပြုကြနှင့်။ အဘယ် ကြောင့်ဆိုသော် သင်တို့၏ အဖသည် သင်တို့၏လိုအပ်မှုကို သင်တို့မတောင်း လျှောက်မီကပင် သိမြင် တော်မူသောကြောင့်ဖြစ်၏။” မ ၆:၇၊ ၈
အတိအကျဆုတောင်းပါ။
ကျွန်ုပ်တို့၏သား Ovidiu သည် အလွန်စျေးပေါသော အိမ်တစ်လုံးကို ဝယ်ယူခဲ့သည်၊ သို့သော် အိမ်ပုံစံမှာ ညံ့ဖျင်း ပြီး အလွန်သေးငယ်ပါသည်။သူ့မိသားစု၏လိုအပ်ချက်နှင့်လိုက်လျောညီထွေဖြစ်အောင် ပြုပြင်မွမ်းမံပြီးချဲ့ ထွင်ရမယ်။ သို့သော်လည်းဈေးနှုန်းများ သိသိသာသာတက်သွားခဲ့သည်။ ငွေကြေးမလုံလောက်မှုကြောင့် အလုပ်မပြီးမြောက်နိုင်ဟု အကြိမ်ကြိမ် ပြောခဲ့သည်။
ဘုရားသခင့် ရှေ့တော်မှာ သား Ovidiu ရဲ့လိုအပ်ချက်တွေကိုတင်ပြဖို့ ကျွန်ုပ်တောင်းဆိုခဲ့ပါသည်။ သူသည် အိမ်အကြောင်း ကို ယေဘူ ယျ အနေ ဖြင့် ဆုတောင်းခဲ့သည်ဟု တုံ့ပြန်ခဲ့သည်။
နောက်လ သို့မဟုတ် မနက်ဖြန်တွင် လိုအပ်မည့်အရာအတွက် ယနေ့ဆုတောင်းရန် မဟုတ်ဘဲ၊ သို့သော် ယနေ့ လိုအပ်မှု အတွက် ယနေ့ ဆုတောင်း ပါ။ လိုအပ်ချက်များကို တစ်ကြိမ်တည်း တင်ပြရန်၊ ဆုတောင်းရာတွင် လိုအပ် ချက်ကို တိတိကျကျ ဆုတောင်းရန်တောင်းဆိုခဲ့ပါသည်။ ဘုရားသခင်သည်သီးခြားတောင်းဆိုချက်များကို အတိအကျဖြေကြားပေးပါသည်။ ဘုရား သခင် သည် ယေဘူယျ ဆုတောင်းချက်များကို ဖြေကြားခြင်းမရှိပါ။
ဘုရားသခင်ထံသွား၍ “သခင်၊ အကျွန်ုပ်၏အိမ်နီးချင်းများကို ကယ်တင်တော်မူပါ။ အဲဒီအစား၊ “အဖ၊ ငါ့အိမ်နီး ချင်းမိတ်ဆွေ ယောဟန် အတွက် ဆုတောင်းပေးပါတယ်။ သူ့နှလုံးသားကို တို့ထိတော်မူပါ။ ထို့အပြင်၊ သူနှင့်မိတ် သဟာ ရဖွဲ့ရန် သူ့ထံ ဧဝံဂေလိသတင်း ကောင်းရောက် ရှိရန် ကျွန်ုပ်အား ဉာဏ်ပညာနှင့် အခွင့်အလမ်းများကိုပေးသနား တော် မူစေပါ။”
မာကု ၁၀း၄၇ ဗာတိမဲက သခင်ယေရှုထံ အကူအညီတောင်းသည်။ “ဒါဝိဒ်မင်း၏သားတော် ယေရှု… အကျွန်ုပ်ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။ အဲဒါက ယေဘူယျ ဆန်သည့် တောင်းဆိုချက်ဖြစ်ပါသည်။ အပိုဒ်ငယ် 51 တွင် ယေရှုက သူ့ကို တိတိကျကျ တောင်း ဆိုခိုင်းပါသည်– “သင့်အတွက် မည်သို့ပြုစေလိုသနည်း” ဟု မေးတော်မူသော် မျက် မမြင်က “ဆရာတော်…အကျွန်ုပ်မျက် စိကို မြင်စေ တော်မူပါ” ဟု လျှောက်လေ၏။
ကျွန်ုပ်၏သားပုံပြင်ကိုပြန်သွားပါ—ကျွန်ုပ်တို့၏သားသည်တိတိကျကျအထူးဆုတောင်းနေပါသည်။ အိမ်၏အုတ် မြစ် အ တွက် တွင်းတူး မည့်အဖွဲ့ကို ရှာတွေ့ရန် ဘုရားသခင်ထံ တောင်းခံခဲ့သည်။ ထို့နောက် သူစတင်ရှာဖွေခဲ့သည်။ သို့ သော်လည်း သူဆက် သွယ်ခဲ့ သော အဖွဲ့ အား လုံးကို လပေါင်းများစွာ ကြိုတင်စီစဉ်ထားပြီး ၎င်းတို့အားလုံးသည် တစ်နေ ရာရာကို ဒေါ်လာ ၁၈,၀၀၀ နှင့် ၂၂,၀၀၀ ကြား တောင်းဆိုခဲ့ကြသည်။ နောက်ဆုံးတွင် သူသည် စျေးနှုန်းကို $16,000 သို့ စျေးလျှော့ချပေးသော အဖွဲ့တစ်ဖွဲ့နှင့် ညှိနှိုင်းနိုင်ခဲ့ပြီး တူးဖော်ရန် နောက်အပတ်တွင် ရောက်လာခဲ့ပါသည်။
အဖွဲ့ခေါင်းဆောင် ရောက်လာသော်လည်း စက်ယန္တရားကြီး ပါလာခြင်းမရှိပေ။ တစ်မနက်လုံး စောင့်ဆိုင်းပြီး နောက် ခေါင်းဆောင်သည် သည်းမခံနိုင်တော့ဘဲ သုံးလကြာအောင် ပြန်မလာနိုင်ဟု ပြောကာ ထွက်ခွာသွားခဲ့ပါသည်။ ကျွန်ုပ်၏သားလေး ၀မ်းနည်း ကြေကွဲသွားပါသည်။ သူ့မှာ ဖြေရှင်းချက်တစ်ခုမျှ မရှိတော့ပါ။
နောက်ဆုံးတွင်၊ သားလေး Ovidiu သည် တွင်းတစ်ခုကိုသက်သာသောစျေးနှုန်းဖြင့် အမြန်တူးရန် အဖွဲ့တစ်ဖွဲ့အ တွက် ဘုရား သခင်ထံ တိတိကျကျအထူးဆုတောင်းခဲ့ပါသည်။ သူဆုတောင်းပြီးတာနဲ့သူ့အိမ်ဘေးနားက အိမ်နီးနားချင်း တွေ ချဉ်းကပ်လာတယ်။
အိမ်နီးချင်းက- “နေကောင်းလား” Ovidi:က “ကျွန်တော် အဆင်ပြေပါတယ်။ ဖောင်ဒေးရှင်းအတွက် တွင်းတူးဖို့ ငါအဖွဲ့ တစ်ဖွဲ့ကို ရှာ နေတာ။” အိမ်နီးနားချင်းက- “အင်း၊ အခု ငါ့အိမ်အတွက် တွင်းတူးတဲ့အဖွဲ့ရှိတယ်။ သူတို့ကိုမေးပါ။ သူတို့လည်း မင်းရဲ့လိုအပ်ချက် ကို သူတို့ လုပ်ပေး နိုင်မှာပါ။”
ချက်ချင်းဘဲ Ovidiu က ဘေးအိမ်ကို ပြေးသွားပြီး မေးတယ်။ အဖွဲ့ခေါင်းဆောင်က “ကောင်းပြီ၊ ငါတို့က စက် ယန္တရား ကြီးတွေနဲ့ ဒီမှာရောက် နေပြီဆိုတော့ ငါတို့ ဒီမှာ ပြီးတာနဲ့ မင်းရဲ့အလုပ်ကို လာလုပ်လို့ရပါတယ်။”Ovidiu က “မင်း လာပြီး စျေးနှုန်း ခန့်မှန်းပေးလို့ ရမလား။”
အဖွဲ့ခေါင်းဆောင်က ကြည့်လိုက်ပြီးမှ..“ဒေါ်လာ ၂၅၀၀ နဲ့ ငါလုပ်ပေးမယ်” လို့ ပြောပါတယ်။ ဘယ်လောက် ဝမ်းသာစရာ ကောင်း သလဲ။ အဖြေ တစ်ခု ကို ဘုရားသခင်က ပြင်ဆင်ထားပြီးသားဖြစ်ကြောင်း Ovidiu က သိမြင် လာပြီး Ovidiu အနေနဲ့ အဲဒီ အဖြေကို တောင်းဆိုဖို့ စောင့်နေ ပါသည်။
“ဆုတောင်းခြင်းသည် အဆွေခင်ပွန်းကဲ့သို့ ဘုရားသခင်ထံ နှလုံးသားကို ဖွင့်ပေးခြင်းဖြစ်သည်” (Steps to Christ, p. 93)။ သင်သည် ဘုရားသခင်အား ပွင့်လင်းမြင်သာစွာပြောဆိုရန်၊ သင့်လိုအပ်ချက်များကို ရှင်းလင်းတိကျ သောနည်းလမ်းဖြင့် တင်ပြရန် သင့်အားကြိုဆိုနေပါ သည်။ သူ၏ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာနှင့် ကတိတော်များအ ပေါ်အခြေခံ၍ အဖြေကို မျှော်လင့်ကြရန် ဘုရားသခင်အား ယုံကြည်စိတ်ချမှု ရှိစေချင် ပါသည်။ သူ၏အချိန်စာရင်းနှင့် နည်းလမ်းအတိုင်း အဖြေပေးပါလိမ့်မည်၊ သို့သော် ယုံကြည်ခြင်းဖြင့် ကိုယ်တော်ကို စောင့်ဆိုင်းပါက၊ သူ၏အ ဖြေသည် အကောင်းဆုံးအဖြေဖြစ်ကြောင်း သင်သိမြင်လာလိမ့်မည်။
အတူတူ ဆုတောင်းကြပါစို့။
ဆုတောင်းချိန် (၃၀-၄၅ မိနစ်)
အဖွဲ့အားလုံးတွင် အတူတကွ ဆုတောင်းနည်းအမျိုးမျိုးရှိသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် မည်သည့်နည်း ဖြင့်မဆို စည်းလုံးညီ ညွတ်စွာ ဆုတောင်းခြင်းဖြင့် နောက် 30-45 မိနစ်ကို အချိန်သုံးရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ ကျွန်ုပ်တို့သည် တိုတောင်းသော စကားဝိုင်းဆု တောင်း ချက်များ (စာကြောင်း 1-3) ကို အားပေးပါသည်။ ဤအရာက လူ များကို အကြိမ်များစွာ ဆုတောင်းနိုင်စေပါသည်။ အောက်တွင် ဆောင် ပုဒ်ကို အခြေခံ၍ ကျမ်းစာအားဖြင့် ဆုတောင်း ခြင်း၏ဥပမာအချို့ဖြစ်သည်။ သင်သည်အခြားကျမ်းပိုဒ်များမှတစ်ဆင့် ဆုတောင်းနိုင်ပြီး သင်၏ ဆုတောင်းချိန်၌ အခြား အကြောင်းအရာများကိုပါ ထည့်သွင်း နိုင်သည်။ ခေါင်းဆောင်၏လမ်းညွှန်မှုနှင့် ကမ္ဘာ့အသင်းတော်ဆု တောင်း ချက် များ အတွက် ဆုတောင်းချက်အကြံဉာဏ်များကို ကြည့်ပါ။
ဘုရား၏နှုတ်ကပတ်တော် ဆုတောင်းခြင်း။ မဿဲ ၆း၇-၈
“သင်တို့သည် ဆုတောင်းသောအခါ ဘုရားသခင်ကို မကိုးကွယ်သောသူများ ဆုတောင်းသကဲ့သို့ အဓိပ္ပာယ်မဲ့သောစကားဖြင့် မရွတ်ဆိုကြနှင့်။ ထိုသူတို့သည် များစွာသောစကားတို့ကို ထပ်တလဲလဲရွတ်ဆိုပါက ဆုတောင်းပြည့်မည်ဟု ထင်မှတ် ကြ၏။ ထိုသူတို့ကဲ့သို့ မပြုကြနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ အဖသည် သင်တို့၏လိုအပ်မှုကို သင်တို့မတောင်း လျှောက်မီကပင် သိမြင်တော်မူသောကြောင့်ဖြစ်၏။”(BCB)
“အဓိပ္ပာယ်မဲ့သောစကားဖြင့် မရွတ်ဆိုကြနှင့်”
ဘုရားသခင်၊ ကိုယ်တော်အား မိတ်ဆွေအဖြစ် စကားပြောရန် ကျွန်ုပ်တို့အား သွန်သင်တော်မူပါ။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ ၏ ဆုတောင်း ချက်များ သည် ငြီးငွေ့သောပုံစံများအဖြစ်သို့ ကျရောက်ပြီး ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် မျက်နှာ ကျက်ကို မကျော်လွန်နိုင်ဟုထင်ရသည်။ ကျွန်ုပ် တို့ကို ဝိညာဉ်ရေးအရ နိုးထစေပါ။ ကျွန်ုပ်တို့အနားတွင် ကိုယ်တော် ၏တည်ရှိခြင်း၏ အဖြစ်မှန်ကို သိရှိရန် ကျွန်ုပ်တို့ကို ကူညီတော်မူပါ။
“သင်တို့၏ အဖသည် သင်တို့၏လိုအပ်မှုကို သိသည်။”
ချစ်ခင်ရပါသော သခင်၊ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့် ပတ်သက်သမျှကို သိပြီးဖြစ်သည်။ ကျွန်တော်တို့ရဲ့ ကြောက်စိတ် တွေ၊ မျှော်လင့်ချက် တွေ၊ အားသာချက်တွေ၊ အားနည်းချက်တွေကို သင်သိတယ်။ ကျွန်ုပ်တို့သည် အစားအစာ သို့မဟုတ် ငွေကြေး သို့မဟုတ် အောင်မြင်မှုကဲ့ သို့ သော် ရိုးရှင်းသောဆန္ဒများကို မကြာခဏတောင်းဆိုသော်လည်း ကျွန်ုပ်တို့၏ အနက်ရှိုင်းဆုံး လိုအပ်ချက်များကို ကိုယ်တော်သိပါသည်။ ကျွန်ုပ် တို့၏စကားများဖြင့် မဖော်ပြနိုင်သော်လည်း ဝိညာဉ် တော်သည် ညည်းတွား လျက် ကျွန်ုပ်တို့အတွက် ဆုတောင်းပေးသည့်အတွက် ကျေးဇူးတင် ပါသည်။ ကျွန်ုပ်တို့ စိတ်ကူး မယဉ်နိုင်သော နည်းလမ်းများဖြင့် အဖြေပေးတော်မူရန် ကျွန်ုပ်တို့ ယုံကြည်ပါသည်။
နောက်ထပ် ဆုတောင်းဖို့အကြံပြုချက်များ
ကျေးဇူးတင်ဂုဏ်ပြုခြင်း- ကောင်းချီးများအတွက် ကျေးဇူးတော်ချီးမွမ်းပြီး သူ၏ကောင်းမြတ်မှုအတွက် ဘုရားသခင်ကို ချီးမွမ်းပါ။ ဝန်ခံချက်-သီးသန့်ဝန်ခံမှုအတွက် မိနစ်အနည်းငယ်ယူ၍ သူ၏ခွင့်လွှတ်မှုအတွက် ဘုရားသခင်ကို ကျေးဇူး တင်ပါ။ လမ်းညွှန်ချက်-လက်ရှိစိန်ခေါ်မှုများနှင့် ဆုံးဖြတ်ချက်များအတွက် ဉာဏ်ပညာကို ဘုရားသခင်ထံတောင်းလျှောက် ပါ။ ကျွန်ုပ်တို့၏အသင်းတော်-ဒေသနှင့် ကမ္ဘာ့အသင်းတော်လိုအပ်ချက်များအတွက် ဆုတောင်းပါ (သီးခြားစာရွက်ကို ကြည့်ပါ)။ ဒေသတောင်းဆိုချက်များ-ဘုအသင်းသားများ၊ မိသားစုများနှင့် အိမ်နီးချင်းများ၏ လက်ရှိလိုအပ်ချက်များ အတွက် ဆုတောင်းပါ။ နားထောင်ပြီး တုံ့ပြန်ပါ- ဘုရားသခင်၏ အသံကို နားထောင်ပြီး ချီးမွမ်းခြင်း သို့မဟုတ် သီချင်းဖြင့် တုံ့ပြန်ရန် အချိန်ယူပါ။
သီချင်း အကြံပြုချက်များ
SDA Hymnal: Standing on the Promises (#518); I Know Whom I Have Believed (#511)
Other Songs: Give Thanks; Thank You, Lord, for Saving My Soul; Count Your Blessings; He’s Able
___________________________________________________________________
DAY 4— အဖြေမရသည့် ဆုတောင်းချက်များ (ယုံကြည်ခြင်း)
“ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ (ဟေရှာယ ၄၀း၃၁) စောင့်နေသည်။ . .
စောင့်ရတာ ပျော်စရာမကောင်းဘူး။ စောင့်ရတာ ဘယ်သူက ကြိုက်သလဲ။ ဆရာဝန်ရုံးမှာ တန်းစီစောင့်ဆိုင်းရ တာ၊ လေဆိပ်မှာ နောက် ကျတဲ့ လေယာဉ်ကို စောင့်ရတာ၊ အစည်းအဝေးမှာ နောက်ကျတဲ့လူကို စောင့်ရပါသည်။ အာ ဗြဟံသည် သူ၏ဆုတောင်းချက်ကို အဖြေ ရရန် ၂၅ နှစ် စောင့်ခဲ့ရသည်။ မောရှေသည်နောက်ဆုံးတွင် ဘုရားသခင်ကြား ဝင် ဆောင်ရွက်ပေးရန် အနှစ် ၄၀ စောင့်ခဲ့ရပါသည်။ ယောသပ် သည် နှစ်အတော်ကြာကျွန်ခံခဲ့ပြီး နှစ်အနည်းငယ်ကြာ ထောင်ထဲတွင်နေထိုင်ခဲ့ရသည်—ဘုရားသခင်၏ကြားဝင်ဆောင်ရွက်ပေးမှုကိုစောင့်ဆိုင်း ကြရသည်မှာ ပျော်ရွင်စရာနေ ရာမဟုတ်ပေ။ သမ္မာ ကျမ်းစာတွင် ဘုရားသခင်ထံမှ အကူအညီအား စောင့်ဆိုင်းကြရခြင်း၏ ဥပမာများစွာရှိပါသည်။
စောင့်ဆိုင်းခြင်းသည် ကျွန်ုပ်တို့၏စိတ်ရှည်သည်းခံမှုကို စိန်ခေါ်နေသော်လည်း၊ ဘုရားသခင့်လူမျိုးတော်၏ထူး ခြားချက်တစ်ခုမှာ သန့်ရှင်းသူတို့ ၏သည်းခံခြင်းဖြစ်ပါသည်ဟု သမ္မာကျမ်းစာကဆိုထားပါသည်။ ဆုတောင်းရာတွင် လည်း အလားတူပင်။ မကြာခဏ ဆိုသလို အဖြေတစ်ခုကို စောင့်ဆိုင်းကြရပေလိမ့်မည်။
“စိတ်ရင်းအမှန်ဖြင့် ဆုတောင်းတိုင်း အဖြေထွက်လာပါလိမ့်မည်။ သင်၏ဆန္ဒရှိသည်အတိုင်း သို့မဟုတ် ရှာသော အချိန်၌ ဖြစ်လာနိုင်မည်မဟုတ်ပေ။ ဒါပေမယ့် မင်းရဲ့လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းပေးမယ့် လမ်းကြောင်းနဲ့ အချိန်စာရင်းအရ ရောက် လာ ပါလိမ့် မည်။ အထီးကျန်ခြင်း၊ ပင်ပန်းခြင်း၊ စမ်းသပ်ခံရခြင်းများ၌ သင်ဆုတောင်းသော အခါတွင် သင်၏မျှော်လင့်ချက်များ အတိုင်းမဟုတ်ဘဲ သင့် ကောင်း ကျိုးအတွက် ဘုရားသခင်က အမြဲအဖြေပေးပါ သည်” (Messages to Young People, p. 250)။
ကျွန်ုပ်တို့သည်မိမိကိုယ်ကိုနှိမ့်ချပြီး မိမိတို့၏လိုအပ်ချက်များကိုရှင်းလင်းပြတ်သားစွာ တိကျသောနည်းလမ်းဖြင့် တင်ပြပါ..ဘုရား သခင် အပေါ် ကျွန်ုပ်တို့၏လုံး၀မှီခိုအားထားမှုကို သူအသိအမှတ်ပြုကြောင်း အဖြေပေးလေံရှိပါသည်။ ဒါပေမယ့် မကြာခဏ ကျွန်ုပ်တို့စောင့် ဆိုင်း ကြရပါ လိမ့်မည်။ ဘုရားသခင်၏ကြားဝင် ဆောင်ရွက်ပေးခြင်းမပြုမီ ကျွန်ုပ် တို့၏ အရင်းအမြစ်များနှင့် ရွေး ချယ် စရာများအားလုံးကို မကြာခဏ အသုံးပြုရန် လိုအပ်ပါသည်။ သို့မှသာ ကိုယ်တော် ဖြစ်တော်မူကြောင်း ကျွန်ုပ်တို့သေချာစွာ သိနိုင်ပါသည်။ ဘုရားသခင်ချက်ချင်း ပြန်ဖြေလျှင်၊ ကျွန်ုပ်တို့ခိုင်းလို့လုပ်ပေး သည်ဟု စိတ်ထင်ကာ ကိုယ့်အတွက် ဂုဏ်မောက်နိုင် ပါသည်။ အကျပ်အတည်းကို ဖြေရှင်းဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းကို ကျွန်ုပ်တို့ မမြင်ရသည့်အခါ၊ ဘုရားသခင်သည် ကျွန်ုပ်တို့ မထင်မှတ်ထား သည့် စကားတစ်ခွန်းနှင့် အရာတစ်ခုဖြစ်လာ ပါသည်။
“ငါ့ကိုခေါ်လော့။ ငါထူးမည်။ ကြီးသောအရာ၊ သင်မသိနိုင်အောင် နက်နဲသောအရာတို့ကို ငါပြမည်။” (ယေရမိ. ၃၃:၃)။
သို့သော်၊ ထိုအချိန်တွင် ဘရားသခင်က အဖြေမပေးပါက၊ ကျွန်ုပ်တို့တောင်းသည့်ပုံစံအတိုင်း၊ သူလုံးဝအဖြေမ ပေး တော့ပါဟု ကျွန်ုပ် တို့စိတ် ထင် ကြပေမည်။ ဘုရားသခင်သည် ရိုးရိုးသားသား၊ နှိမ့်ချသောဆုတောင်းချက်များကို ဖြေကြားပေးပြီး သူ၏အဖြေ သည် ဖြစ်နိုင်သမျှ အကောင်း ဆုံးအဖြေဖြစ်ပါသည်။
ဘုရားသခင့်ချစ်ခြင်းမေတ္တာတော်၏ အလျား၊ အနံ၊ အမြင့်၊ အစောက်တို့ မည်မျှ ရှိသည်ကို နားလည်သဘော ပေါက်နိုင်စွမ်းရှိရန် ကျွန်ုပ်တို့အား ခေါ်တော်မူခြင်းဖြစ်ပါသည် (ဧ၊ ၃း၁၉)။ ဒါပဲသင်လိုအပ်ပါတယ်။ သူ့ကို သင်ပိုသိ လေလေ၊ သူ့ကို ပိုယုံကြည်လေ လေ၊ သင့်မှာ ငြိမ်သက်မှု ပိုရှိလေ၊ သူရဲ့ ဦးဆောင်မှုနဲ့ ကြားဝင်မှုကို စောင့်မျှော်လိုစိတ် ပို၍များလာပါလိမ့်မည်။ ကိုယ်တော်၊ သူ၏ ချစ်ခြင်း မေတ္တာ၊ ကတိ တော်များနှင့် အတိတ်က စိန်ခေါ်မှုတွေမှာ သူဦး ဆောင်ခဲ့တဲ့လမ်းကို ထောက်ရှုပါ။ “စိတ်နှ လုံးတည် ကြည် သောသူသည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်းသက်သက်ရှိမည့်အကြောင်း စောင့်ရှောက်တော်မူလိမ့်မည်။” (ဟေရှာ၊ ၂၆:၃)။
အနာဂတ်ကို ဘုရားသခင် သိတယ်။ သူသည် သင့်အား ဂရုစိုက်သော်လည်း အခြားသူများကိုလည်း ဂရုစိုက်ပါ သည်။ သူ့မှာ ပို ကောင်းတဲ့ အဖြေရှိလို့ ဒါမှမဟုတ် အကောင်းဆုံးအချိန်မဟုတ်လို့လား၊ သို့မဟုတ် သူ၏အကြံအစည်အ တွက် သင်အဆင်သင့် မဖြစ် သေးလို့ အခု အချိန်မှာ သူပြန်မဖြေနိုင်တာပါ၊
အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် သင်မစဉ်းစားနိုင်သည့် ကွဲပြားခြားနားသောအဖြေတစ်ခု သူ့တွင်ရှိ ပေမည်။ တစ်စုံ တစ် ယောက် ဆီသို့ တစ်နည်းတစ်ဖုံ ရောက်ရှိနိုင်ရန် တစ်ခုတည်းသော နည်းလမ်းအဖြစ် သင့်ဘဝတွင် တစ်စုံတစ်ခုကိုလည်း ခွင့် ပြုနိုင်ပါသည်။ ဖြစ်ပျက်ခဲ့ သည့်အရာများစွာ ကောင်းကင်ဘုံ၌သာ ကျွန်ုပ်တို့အစုံအလင် နား လည်နိုင်ပါသည်။
သက်တောင့်သက်သာရှိသော ဘ၀ကို မြေကြီးပေါ်တွင် လက်ဆောင်ပေးရန် ယေရှုသည် ကြွလာခဲ့ခြင်းမဟုတ် ကြောင်း သတိရပါ။ ဤကမ္ဘာလောက၌သင်တို့သည် ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ကြရလိမ့်မည်ဟု မိန့်တော်မူသည် (ယော ၁၆း၃၃)။ သူသည် ကျွန်ုပ်တို့အားစရိုက်ကြီးထွား မှုနှင့် ကယ်တင်ခြင်းအတွက် လိုအပ်သောသင်ခန်းစာများကို သင်ကြား ပေးရန် မကြာခဏ စမ်းသပ်မှုများကို အသုံးပြုပါသည်။ “ကျွန်ုပ်တို့ ခဏ တာခံရသည့် ပေါ့ပါးသောဆင်းရဲဒုက္ခသည် ကျွန်ုပ်တို့အတွက် အလွန်ထူးမြတ်သော ထာဝရဘုန်းအသရေကို ဖြစ်ပွားစေ၏။” (၂ကော ၄း၁၇)
ဒါကြောင့် စိန်ခေါ်မှုတွေကို ဖယ်ရှားပေးဖို့ ဘုရားသခင်ကို တောင်းဆိုမယ့်အစား၊ ကြီးပွားအောင် သင်ယူမှု၌ သင့် ကို ကူညီပေးဖို့ ကိုယ် တော်ထံဆုတောင်းပါ။ ၎င်းတို့မှတဆင့် လေ့လာပါ။ သင့်အားကြီးထွားရန်နှင့် ၎င်းတို့မှတစ်ဆင့် သင်ယူရန်ကူညီပေးပါရန် ကိုယ်တော်ထံတောင်း ဆိုပါ။ ကျွန်ုပ်တို့၏ အကြီးမားဆုံးလိုအပ်ချက်သည် အမှန်တကယ် လိုအပ်ချက်များဖြစ်သော်လည်းကျွန်ုပ်တို့ ဆုတောင်းသည့် လိုအပ်ချက်များ မဟုတ် ပါ။ ကျွန်ုပ်တို့၏အကြီး မားဆုံးလို အပ်ချက်မှာ ကျွန်ုပ်တို့၏ဘုရားသခင်ကိုသိရန်ဖြစ်ပါ သည်။ သူ့ကို ပိုသိလေ၊ သူ့ကို ပိုယုံကြည်လေ၊ ကိုယ်တော်အလုပ် လုပ်ဖို့ သူ့ကိုသာ၍ ခွင့်ပြုပါသည်။
ဘုရားသခင်သည် သင့်အား ဆုတောင်းပြီး၊ သူ့ကိုရှာရန်၊ သူ၏မျက်မှောက်တော်၊ သူ၏အကြံအစည်၊ သူ၏ဦး ဆောင်မှုကို ရှာရန် ခေါ်ဆိုပါ သည်။ အကူအညီနှင့် အဖြေကိုမရှာမီ ကိုယ်တော်ကို သိကျွမ်းရန်ရှာပါ၊ ထို့နောက် သင်၏စိုး ရိမ်ခြင်းအမှုအလုံးစုံတို့ကို သူ့အပေါ်၌ ထား၍ သူ့ကိုစောင့်မျှော်ကြလော့။
အတူတူဆုတောင်းကြပါစို့။
ဆုတောင်းချိန် (၃၀-၄၅ မိနစ်)
အဖွဲ့အားလုံးတွင် အတူတကွ ဆုတောင်းနည်းအမျိုးမျိုးရှိသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် မည်သည့် နည်းဖြင့်မဆို စည်းလုံးညီ ညွတ်စွာ ဆုတောင်းခြင်းဖြင့် နောက် 30-45 မိနစ်ကို အချိန်သုံးရန် ကျွန်ုပ်တို့ တိုက်တွန်းပါ သည်။ ကျွန်ုပ်တို့သည် တိုတောင်းသော စကားဝိုင်းဆု တောင်းချက်များ (စာကြောင်း 1-3) ကိုအားပေးပါသည်။ ဤအရာ က လူများကို အကြိမ်များစွာ ဆုတောင်းနိုင်စေပါသည်။ အောက်တွင် ဆောင် ပုဒ်ကို အခြေခံ၍ ကျမ်းစာအားဖြင့် ဆု တောင်းခြင်း၏ ဥပမာအချို့ဖြစ်သည်။ သင်သည်အခြားကျမ်းပိုဒ်များမှတစ်ဆင့် ဆုတောင်းနိုင်ပြီး သင်၏ ဆုတောင်းချိန်၌ အခြားအကြောင်းအရာများကိုပါ ထည့်သွင်းနိုင်သည်။ ခေါင်းဆောင်၏လမ်းညွှန်မှုနှင့် ကမ္ဘာ့အသင်းတော် ဆုတောင်းချက် များအတွက် ဆုတောင်းချက်များကို ကြည့်ပါ။ ဘုရား၏နှုတ်ကပတ်တော် ဆုတောင်းခြင်း။ ဟေရှာယ ၄၀:၃၁
“ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။”
“ထာဝရဘုရားကို စောင့်မျှော်သောသူ”
အဖ၊ စောင့်ရတာ ကျွန်ုပ်တို့မကြိုက်ဘူး။ စောင့်ဆိုင်းခြင်းက ကျွန်ုပ်တို့ကို စိုးရိမ်ထိတ်လန့်စေသည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် အလျင် စလို လုပ်ဆောင်ပြီး ကျွန်ုပ်တို့၏ကိုယ်ပိုင်ဖြေရှင်းချက်များကို ရှာဖွေပါသည်။ ခမည်းတော်၏ရင် ခွင်၌ ခိုနားသော ကလေးငယ်ကဲ့သို့ ကိုယ်တော် ၌ ငြိမ်ဝပ်စွာတည်နေရန် ကျွန်ုပ်တို့ကို သွန်သင်တော်မူပါ။ တန်ခိုးကြီး သောလက်ရုံးတော်၌မနက်ဖြန်ကို ကိုယ်တော် ဆုပ်ကိုင်ထားကြောင်းသိမြင် နိုင်ရန် ကျွန်ုပ်တို့ အား ယုံကြည်ခြင်းကိုပေး တော်မူပါ။ အမြင်အားဖြင့် မဟုတ်ဘဲ ယုံကြည်ခြင်းဖြင့် အသက်ရှင်နိုင်ပါစေ။
“ခွန်အားသစ်နှင့်ပြည့်လိမ့်မည်။”
သခင်၊ တစ်ခါတစ်ရံပျက်စီးနေသောဤကမ္ဘာကြီးတွင် ကျွန်ုပ်တို့သည် ဘဝကိုငြီးငွေ့လာကြပါသည်။ ကျွန်ုပ်တို့ သည် ဖျားနာမှု၊ သဘောထားကွဲလွဲမှုများ၊ ဆင်းရဲမွဲတေမှု၊ မတရားမှုနှင့် အထီးကျန်မှုများကြောင့် ပင်ပန်းနွမ်းနယ်နေကြ ပါသည်။ ကျေးဇူးပြုပြီးကောင်း ကင်ကို မော့ကြည့် လိုက်ပါ။ ကျွန်ုပ်တို့၌ ခွန်အားသစ်နှင့်ပြည့်လိမ့်မည်။ ကိုယ်တော်ကို အားကိုးတတ်အောင် သင်ပေးပြီး ကိုယ်တော်၏ အဆုံးမဲ့ ကတိ တော်များတွင် ခွန်အားကိုရှာဖွေရန် ကျွန်ုပ်တို့ကို သန်သင် ပါ။ ကျွန်ုပ်အားနည်းသောအခါ ကိုယ်တော်၏တန်ခိုးတော်နှင့် ချိတ်ဆက်တော်မူပါ။
နောက်ထပ် ဆုတောင်းဖို့အကြံပြုချက်များ
ကျေးဇူးတင်ဂုဏ်ပြုခြင်း-တိကျသော ကောင်းချီးများအတွက် ကျေးဇူးတော်ချီးမွမ်းပြီး သူ၏ကောင်းမြတ်မှုအတွက် ဘုရား သခင်ကို ချီးမွမ်းပါ။
ဝန်ခံချက်-သီးသန့်ဝန်ခံမှုအတွက် မိနစ်အနည်းငယ်ယူ၍ သူ၏ခွင့်လွှတ်မှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါ။
လမ်းညွှန်ချက်-လက်ရှိစိန်ခေါ်မှုများနှင့် ဆုံးဖြတ်ချက်များအတွက် ဉာဏ်ပညာကို ဘုရားသခင်ထံ တောင်းလျှောက်ပါ။
ကျွန်ုပ်တို့၏အသင်းတော်-ဒေသနှင့် ကမ္ဘာ့အသင်းတော်လိုအပ်ချက်များအတွက် ဆုတောင်းပါ (သီးခြားစာရွက်ကိုကြည့်ပါ)။
ဒေသဆိုင်ရာ တောင်းဆိုချက်များ-ဘုအသင်းသားများ၊ မိသားစုများနှင့် အိမ်နီးချင်းများ၏ လက်ရှိလိုအပ်ချက်များအတွက် ဆုတောင်းပါ။
နားထောင်ပြီး တုံ့ပြန်ပါ- ဘုရားသခင်၏ အသံကို နားထောင်ပြီး ချီးမွမ်းခြင်း သို့မဟုတ် သီချင်းဖြင့် တုံ့ပြန်ရန် အချိန်ယူပါ။
သီချင်းအကြံပြုချက်များ
SDA Hymnal: Leaning on the Everlasting Arms (#469); It Is Well with My Soul (#530); Be Still, My Soul (#461)
Other Songs: My Peace I Give unto You; I Cast All My Cares upon You; In God’s Green Pastures
___________________________________________________________________
ထိုနည်းတူ၊ သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။-
Matt. 5:16, NKJV
ကျွန်ုပ်တို့သည် အိတ်ဖွင့်ပေးစာဖြစ်သည်။
တစ်ကြိမ်တွင် သင်းအုပ်ဆရာနှင့်အတူ tသင်းများသည် အိမ်နီးနားချင်းများကို အခမ်းအနားအချို့သို့ ဖိတ်ကြားရန် ကြိုး စာ ခဲ့ကြသည်။ တော်တော်များများက ငြင်းတယ်။
သင်းအုပ်ဆရာက မိသားစုတချို့ကို ဘာကြောင့် မလာချင်တာလဲဆိုတာကို သူသိကြောင်း မေးတယ်။
“မစ္စတာ ____ ကအဲဒီမှာအသင်းဝင်ဖြစ်တယ်ဆိုရင်၊ ငါတို့မလာဘူး။ သူသည် ကြင်နာသည် သို့မဟုတ် ချစ်တတ်သူမ ဟုတ်။ သူသည် လေးစားမှု သို့မဟုတ် အရှက်အကြောက် မရှိပါ။ သူက လှည့်စားတယ်၊ သူ့အိမ်မွေးတိရစ္ဆာန်တွေကို အလွဲသုံးစားလုပ်တယ်၊ အမြဲတမ်း ဒေါသထွက်ပြီး ရိုင်းစိုင်းတယ်။” ဘုရားကျောင်းအဖွဲ့ဝင်အများစုသည် သနားညှာ တာနိုင်ကြသည်။
သခင်၏ဆုတောင်းချက်သည် “ကောင်းကင်ဘုံရှိ ငါတို့အဘ” ဟူသော စကားလုံးများဖြင့် စတင်သည်။ ဘုရားသခင်သည် စကြဝဠာကြီး၏ ဘုရားသခင်သာမက၊ ကျွန်ုပ်တို့နှင့်လည်း နီးကပ်ပြီး ရင်းနှီးသောဆက်ဆံရေးရှိသည်။ ထို့နောက် “နာမ တော်အား ရိုသေလေးမြတ်ပါ” ဟုဆိုသည်။ ဂရိစကားလုံးသည် ဟာဂျီယိုစ်—“သန့်ရှင်းခြင်း၊ မြင့်မြတ်ခြင်း၊ ထိုက်တန် သည်”—သို့သော်လည်း ဟာဂျီယာဇို—“သန့်ရှင်းစေရန်” ဟုအဓိပ္ပာယ်ရသည်။ ဘုရားသခင်သည် သန့်ရှင်းသောအခါ ကျွန်ုပ်တို့ မည်သို့ သန့်ရှင်းစင်ကြယ်နိုင်သနည်း၊
ပေါလုက ကျွန်ုပ်တို့သည် လူအားလုံးဖတ်သော အိတ်ဖွင့်ပေးစာဖြစ်သည် (၂ကော ၃း၂)။ ၁ ကောရိန္သု ၄:၉ တွင် “ငါတို့ သည် ဤလောက၌ မျက်မှောက်ပြုကြပြီ” (NKJV) ဟူ၍ ရေးသားထားသည်။
လူတွေက ဘုရားသခင်ကို မမြင်ဘူး၊ ငါတို့ကို မြင်တယ်။ ကျွန်ုပ်တို့၏နေ့စဉ်အမူအကျင့်များသည် ဘုရားသခင်ကို ချီးမွမ်း ပြီး ကိုယ်တော်ကို ချီးမြှောက်နိုင်သည်၊ သို့မဟုတ် ၎င်းသည် သူ၏နာမတော်ကို အသရေပျက်စေပြီး အသင်းတော်ကို အလွဲသုံးစားလုပ်ကာ ၎င်း၏လုပ်ငန်းကို အပျက်သဘောဆောင်နိုင်သည် (မ ၅:၁၃-၁၆)။
ချီးမွမ်းခြင်းများဖြင့် ဘုရားသခင်ထံတော်သို့ ဝင်ရောက်ပြီးနောက် ကိုယ်တော်အား သင်၏မေတ္တာရှင်ဖခင်အဖြစ်အသိ အမှတ်ပြုပါ။ သင်နှင့် သင့်လိုအပ်ချက်များကို အာရုံစိုက်မည့်အစား ဘုရားသခင်၊ ကိုယ်တော်၏နာမတော်နှင့်ဂုဏ် အသရေကို ဦးစွာအာရုံစိုက်ပါ။
“ဘုရားသခင်သည် ကိုယ်တော်၏နာမတော်ကို ရိုသေစေမည့်အရာများကို ကျွန်ုပ်တို့အား ရှာဖွေစေမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ၊ ကျွန်ုပ်တို့၏ဇာတ်ကောင်များထဲတွင် ကိုယ်တော်၏နာမတော်ကို ဂုဏ်တင်စေခြင်းငှာ ကျေးဇူးတော်နှင့် ဝိညာဉ်ရေးကောင်းချီးများအတွက် ဘုရားသခင်ကို ကျွန်ုပ်တို့ ရှာသင့်သည်။ ဘုရားသခင်သည် ဘုန်းထင်ရှားတော်မူသည်ဖြစ်၍၊ သားသမီးတို့သည် ခရစ်တော်၏ စရိုက်လက္ခဏာကို ကိုယ်စားပြုသော အသက်တာ၌ ပေးလှူသောအခါ၊ နာမတော်သည် သန့်ရှင်း၏။” (စာမူ ၃၄၊ ၁၉၀၃၊ စာမျက်နှာ ၁၅)။
ဤကဲ့သို့ဆုတောင်းပါ– “အဘ၊ ယနေ့ကျွန်ုပ်ပြုလေရာရာ၌ ကိုယ်တော်ကို ဂုဏ်တင်တော်မူပါ။ ကျွန်ုပ်အား သင့်အား မှန် ကန်စွာကိုယ်စားပြုပြီး သင့်နာမကို ဆောင်ထားရန် ကူညီပေးပါ။ သို့မှသာ လူအများက ကျွန်ုပ်ကိုမြင်သောအခါ ကိုယ် တော်ကို ချီးမွမ်းကြလိမ့်မည်။ ကျွန်ုပ်၏ အပြုအမူတိုင်းနှင့် စကားလုံးများဖြင့် ယေရှု၏စရိုက်ကို လူတို့မြင်နိုင်စေမည့် နည်းလမ်းဖြင့် ပြုမူပါ။ ထို့အပြင်၊ သင်၏ဆုတောင်းချက်တွင် ဘုရားသခင်ကို ဂုဏ်တင်ပြီး ဝတ်ပြုမည့်အရာများကိုသာ ရှာဖွေပါ။ ၁ယော ၅း၁၄ က “ငါတို့သည် အလိုတော်နှင့်အညီ တစုံတခုကို တောင်းလျှင် နားထောင်တော်မူ၏” (NKJV)။
ကျွန်ုပ်တို့သည် ယေရှု၏နာမ၌ ဆုတောင်းရမည်၊ သို့သော် “ကိုယ်တော်၏နာမတော်၌” ဟုဆိုရုံမျှမက အဓိပ္ပါယ်ရှိသည်။ သမ္မာကျမ်းစာခေတ်တွင် နာမည်တစ်ခုသည် ဝိသေသကိုကိုယ်စား ပြု သည်။ သခင်ယေရှု၏နာမ၌ ဆုတောင်းခြင်းသည် ကိုယ်တော်၏အလိုတော်၌ ဆုတောင်းခြင်း၊ ကိုယ်တော်နှင့် ကိုယ်တော်၏စရိုက်ကို ကိုယ်စားပြုမည့်အရာများကိုတောင်း ဆိုရန်ဖြစ်သည်။ ယာကုပ် 4:3 က “သင်သည် တောင်းသော်လည်း မယူဘဲ၊ လွဲချော်သောကြောင့် တောင်းသည်” (NKJV)။ “ခရစ်တော်၏နာမ၌ ဆုတောင်းခြင်းသည် များစွာအဓိပ္ပာယ်ရှိသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် သူ၏စရိုက်လက္ခဏာ ကို လက်ခံရန်၊ သူ၏စိတ်ဝိညာဉ်ကို ထင်ရှားပြရန်နှင့် သူ၏အမှုတော်များကို လုပ်ဆောင်ရန်ဖြစ်သည်” (The Desire of Ages, p. 668)။
နာမတော်၊ အလိုတော်နှင့် ဘုရားသခင်ကို ချီးမွမ်းဂုဏ်တင်စေမည့် အရာတစ်ခုခုအတွက် တောင်းဆိုပါက ကျွန်ုပ်တို့၏ ဆုတောင်းချက်များကို ဖြေကြားပေးမည်ဟု ယေရှုကတိပြုခဲ့သည် (ယော ၁၄း၁၃၊ ၁၄၊ ၁ယော ၅း၁၄)။
ဘုရားသခင် ဖြေကြားသောအခါတွင် သင်သည် သူ့ကို ချီးမွမ်းဂုဏ်တင်ကြောင်း သေချာပါစေ။ ကိုယ့်အတွက် အကြွေး မယူ ရဘူး။ စာတန်သည် မိမိအတွက် ဘုရားသခင်ဘုန်းတော်ထင်ရှားစေရန် ကြိုးစားသည်။ နှိမ့်ချမှုဖြင့်၊ သင်၏စကား များ၊ လုပ်ဆောင်ချက်များနှင့် ဆုတောင်းချက်များအားဖြင့် ဘုရားသခင်ကို ကျေးဇူးတင်စွာအသိအမှတ်ပြုပြီး ဂုဏ်တင်ပါ။
ကျွန်ုပ်တို့ တိုင်ကြားသောအခါ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဘုရားသခင်နှင့်ပတ်သက်သော မှားယွင်းသောသတင်းစကား ကို ပေးကြသည်။ ဘုရားသခင်က မကောင်းဘူးလို့၊ သူဂရုမစိုက်ဘူး၊ သူ့ကတိတွေကို မစောင့်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ပြောတာ။ အမြဲဝမ်းမြောက်ပါ (၁သက် ၅:၁၆; ဖိ. ၄:၄)။ ဆုတောင်းပါ၊ စကားပြောပါ၊ ဘုရားသခင်ကိုဂုဏ်တင်မည့်နည်းလမ်းဖြင့်ပြု မူပါ။ သံသယဖြစ်တဲ့အခါ ယုံကြည်ခြင်းကို ဘယ်လို လှုံ့ဆော်ပေးနိုင်မလဲ။ ညည်းညူတဲ့အခါ ဘုရားသခင်ကို ချီးမွမ်းဖို့ တခြားသူတွေကို သင် ဘယ်လို တောင်းဆိုနိုင်မလဲ။
ကျွန်ုပ်တို့၏ နှလုံးသားဖြင့် ဆုတောင်းချက်မှာ “ကောင်းကင်ဘုံရှင်၊ ချစ်လှစွာသောအဖ၊ ကျွန်ုပ်အား အခြားသူများရှေ့တွင် သင့်အား မှန်ကန်စွာကိုယ်စားပြုသည့်နည်းဖြင့် စကားပြောရန်နှင့် ပြုမူရန် ယနေ့ ကျွန်ုပ်အား ကူညီပေးပါ။ ကိုယ်တော်ကို ချီးမြှောက်မည့်အရာများကိုသာ ကျွန်ုပ်အား ပေးဆောင်ပြီး ကိုယ်တော်၏အမှုတော်ဆောင်သည့်နည်းလမ်းဖြင့် အသုံးပြု ရန် ကူညီပေးပါ။ ယနေ့ နာမတော်ကို ချီးမြှောက်ပါရစေ။”
အတူတူဆုတောင်းကြပါစို့။
ဆုတောင်းချိန် (၃၀-၄၅ မိနစ်)
ဆုတောင်းအဖွဲ့အားလုံးတွင် အတူတကွ ဆုတောင်းနည်း အမျိုးမျိုးရှိသည်။
နောက်ထပ် 30-45 မိနစ်ကို united prayer ဆုတောင်းဖို့ တိုက်တွန်းလိုက်ပါတယ်၊
ကျွန်ုပ်တို့သည် တိုတောင်းသော ဆုတောင်းချက်များ (စာကြောင်း 1-3 ကြောင်း) ဖြင့် ဆုတောင်း ရန် အားပေးပါသည်။ ဤအရာက လူများစွာကို အကြိမ်များစွာ ဆုတောင်းနိုင်စေပါသည်။ အောက်တွင် ဥပမာအချို့ ကို အခြေခံ၍ ကျမ်းစာ အားဖြင့် ဆုတောင်း ပါ။ သင်သည် အခြားကျမ်းပိုဒ်များမှတစ်ဆင့် ဆုတောင်းနိုင်ပြီး သင်၏ဆုတောင်းချိန်၌ အခြားအ ကြောင်းအရာများကိုပါ ထည့်သွင်းနိုင်သည်။ ခေါင်းဆောင်၏လမ်းညွှန်မှုနှင့် ကမ္ဘာ့အသင်းတော် ဆုတောင်းချက်များ အတွက် ဆုတောင်းချက်အကြံဉာဏ်များကို ကြည့်ပါ။
ဘုရားစကားတော်ကို ဆုတောင်းခြင်း—မ. ၅:၁၆
“သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ထင်ရှားစေခြင်း ငှာ လူတို့ရှေ့မှာ သင်တို့၏အလင်းကို လင်းစေကြလော့။”
“မင်းရဲ့ အလင်းကို လင်းစေ”
သခင်၊ ကိုယ်တော်သည် အလင်းအားလုံး၏အရင်းအမြစ်ဖြစ်တော်မူ၏။ ကိုယ်တော် ရဲ့ အလှကို အခြားသူများမြင်တွေ့ နိုင်စေရန် ကျွန်ုပ်မှတဆင့် တောက်ပပါ။ ကျွန်ုပ်တို့၏မေတ္တာအားဖြင့် အခြားသူများ၏နိုင်ငံတော်သို့ ဆွဲဆောင်ခံရစေရန် ကျွန်ုပ်တို့အား ရဲရင့်တောက်ပစွာ လင်းလက်တောက်ပစေရန် ကူညီပေးပါ။
“မင်းရဲ့ ကောင်းကွက်တွေကို သူတို့မြင်နိုင်ပါစေ”
ဘုရားသခင်၊ တခါတရံတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့လုပ်သမျှကို အခြားသူများက စောင့်ကြည့်နေကြောင်း ကျွန်ုပ်တို့ မေ့လျော့နေပါသည်။ ကျွန်ုပ်တို့၏ဘ၀တွင် မုန်းတီးခြင်းမဟုတ်ချစ်ခြင်းမေတ္တာကို မြင်အောင်ကူညီပါ။ တစ်ကိုယ်ကောင်း ဆန်ခြင်းမဟုတ်ဘဲ ရက်ရောမှုကို မြင်အောင်ကူညီပေးပါ။ ကျွန်ုပ်တို့၏ကလေးများ၊ ကျွန်ုပ်တို့၏အိမ်နီးချင်းများနှင့်ကျွန်ုပ် တို့၏ရန်သူများကိုပင် ကောင်းချီးပေးရန် ကျွန်ုပ်တို့၏ဘ၀တွင် လုပ်ဆောင်ပါ။
“ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘကို ချီးမွမ်းကြလော့။”
ဘုရားသခင်၊ ကိုယ်တော်သည် တိုး၍ လျော့ရမည်။ ကျွန်ုပ်တို့ကို နှိမ့်ချပြီး ကျွန်ုပ်တို့၏မေတ္တာပါလုပ်ဆောင်မှုများတွင် ကိုယ်တော်၏တန်ခိုးနှင့် ကရုဏာကို တစေ့တစောင်းမြင်စေရန် ကူညီပေးပါ။
နောက်ထပ် ဆုတောင်းအကြံပြုချက်များ
တိကျသော ကောင်းချီးမင်္ဂလာများအတွက် ကျေးဇူးတော်ချီးမွမ်းပြီး သူ၏ကောင်းမြတ်မှုအတွက် ဘုရားသခင်ကို ချီးမွမ်းပါ။
သီးသန့်ဝန်ခံမှုအတွက် မိနစ်အနည်းငယ်ယူ၍ သူ၏ခွင့်လွှတ်မှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါ။
လက်ရှိစိန်ခေါ်မှုများနှင့် ဆုံးဖြတ်ချက်များအတွက် ဉာဏ်ပညာကို ဘုရားသခင်ထံ တောင်းလျှောက်ပါ။
ဒေသဆိုင်ရာနှင့် ကမ္ဘာ့အသင်းတော်လိုအပ်ချက်များအတွက် ဆုတောင်းပါ (တောင်းဆိုမှုများနှင့်အတူ သီးခြားစာရွက်ကိုကြည့်ပါ)။
ဘုရားကျောင်းအဖွဲ့ဝင်များ၊ မိသားစုများနှင့် အိမ်နီးချင်းများ၏ လက်ရှိလိုအပ်ချက်များအတွက် ဆုတောင်းပါ။
ဘုရားသခင်၏ အသံကို နားထောင်ပြီး ချီးမွမ်းခြင်း သို့မဟုတ် သီချင်းဖြင့် တုံ့ပြန်ရန် အချိန်ယူပါ
Published by the General Conference Ministerial Association
Daily Readings by Dr. Pavel Goia
(၆)ရက်နေ့ — နိုင်ငံတော်တည်ထောင်ပါစေ။
“ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့အထဲ၌ရှိသည်” (လုကာ ၁၇း၂၁ခ၊ NKJV)။
ကယ်တင်ခြင်းသို့ရောက်ပြီ။
လုကာ ၁၉ တွင် ယေရှုသည် ဇက္ခဲ၏အိမ်သို့ဝင်ရန် ကမ်းလှမ်းခံခဲ့ရသည်။ ထို့နောက် ယေရှုက “ယနေ့ပင်ကယ် တင်တော်မူခြင်းကျေးဇူးသည် ဤအိမ်အပေါ်မှာသက်ရောက်လေ၏” (၁၉း၉)။ သခင်ယေရှုသည် သင့်၏နေရာတွင်ရှိ နေလျှင် ကောင်းကင်နိုင်ငံသည် ထိုနေရာတွင် ရှိနေသည်။ သင်သည် ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရောက်မီ၊ ဘုရား သခင်၏နိုင်ငံတော်သည် သင့်နှလုံးသားထဲသို့ ဝင်ရောက်နေရမည်ဖြစ်သည်။ ရှင်ယောဟန် ၁၇ တွင် သခင်ယေရှုသည် သူ၏နောက်လိုက်များအား ရုပ်ပိုင်းဆိုင်ရာအရ ဤလောကနှင့် ကင်းကွာစေရန်မဟုတ်ဘဲ ၎င်းတို့သည် ဤလောကနှင့် မသက်ဆိုင်ကြောင်း ကိုသာဆုတောင်းပေးခဲ့ခြင်းဖြစ်သည် (ယော ၁၇း၁၅၊ ၁၆)။
ကျန်ုပ်တို့သည် ကောင်းကင်ဘုံမှာ နေချင်သလိုမျိုး ဒီမှာလောကမှာနေစဥ် ကတည်းက ကျင့်သားရနေပြီးသား ရမည်။ အကယ်၍ကျွန်ုပ်တို့သည် လောက၏အရာများအပေါ် အာရုံစိုက်လျှင်၊ ကျွန်ုပ်တို့သည် လောကနှင့်တူလာပါလိမ့် မည်။ “အကြောင်းမူကား အကြင်အရပ်၌သင်တို့၏ဘဏ္ဍာရှိ၏၊ ထိုအရပ်သို့သင်တို့၏စိတ်နှလုံးရောက်တတ်၏။” (မ ၆:၂၁၊ ကဘ)။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် သူ၏နိုင်ငံတော်ကို အာရုံစိုက်ပါက၊ သူ၏နိုင်ငံသည် ကျွန်ုပ်တို့နှင့်ကျွန်ုပ် တို့ပတ်ဝန်းကျင်တွင် ရောက်ရှိလာလိမ့်မည်။ “မျက်မြင်မရသောကမ္ဘာသည် အမှန်တကယ်ရှိပြီး ဘုရားသခင်နှင့်စကား ပြောသော အမျိုးသား အမျိုးသမီးတို့၏ မျက်နှာများသည် ဘုရားသခင်၏ ငြိမ်သက်ခြင်းကို ဖော်ပြသည်။ ကောင်းကင် ဘုံ၏ နူးညံ့သိမ်မွေ့သောလေထုကို သူတို့နှင့်အတူ သယ်ဆောင်သွားကြသည်။” (Medical Ministry၊ စာမျက်နှာ ၂၅၂)။
ကျူးဘားသို့ ကျွန်ုပ်၏ ဧဝံဂေလိ ခရီးစဉ်တစ်ခုတွင် ကလေးများနှင့် ၎င်းတို့၏မိဘများ လာရောက်နားထောင် ကြသည်။ ဒီဧည့်သည်တွေအားလုံးက မိန်းမတစ်ယောက်ကြောင့် လာတယ်ဆိုတာ သင်းအုပ်ဆရာဆီကနေ ကျွန်တော် သိလိုက်ရသည်။ အခုလိုသူတို့ကိုလာဖို့ သူမဘာတွေ၊ ဘယ်လိုတွေပြောခဲ့သလဲလို့ သူမကိုမေးခဲ့တယ်။ သူမက “သူတို့ကို ငါပြောခဲ့တာမဟုတ်ဘူး” လို့ပြန်ဖြေပြီး သူမထံ နောက်တစ်နေ့မှာလာရောက်လည်ပတ်ဖို့ကျွန်တော်တို့ကိုဖိတ်ခေါ်ခဲ့ တယ်။ ဒါနဲ့ ကျွန်တော်သွားခဲ့တယ်။
သူမတွင် ကိရိယာတန်ဆာပလာကဲ့သို့ အလွန်သေးငယ်သော အိမ်တစ်လုံးရှိသည်။ နှစ်ထပ်ကုတင်နှစ်လုံး၊ စားပွဲ အသေးတစ်လုံး၊ ကုလားထိုင်သေးသေးနှစ်လုံးနှင့် ယာယီသုံးမီးဖိုတစ်ခုကဲ့သို့မှလွဲ၍ အတွင်းတွင် အခြားပရိဘောဂမရှိပါ။ နေ့ခင်းစောစောပိုင်းလောက်မှာ သူ့မရဲ့အိမ်ရှေ့က ထွက်လာတယ်။ ပြီးတော့ ကလေးနှစ်ရာနီးပါး ရောက်လာတယ်။ သူတို့ကို ဖုန်ကြမ်းပြင်ပေါ်မှာ ထိုင်ခိုင်းပြီး မိဘတွေ လက်မှတ်ထိုးထားတဲ့ စာရွက်ကို ပြခိုင်းတယ်။ ပြီးတော့ ကလေးတွေ က တန်းစီပြီးထမင်းတွေပေးတယ်။ သူတို့ ထိုင်ပြီးစားကြသည်။
သူတို့ ထမင်းစားနေတုန်း သူမ၏အိမ်နီးနားချင်း အများစုမှာ အလုပ်မရှိကြဘူး၊ ဒါပေမယ့် သူမမှာတော့အလုပ် လေး တစ်ခုရှိကြောင်း ရှင်းပြတယ်။ သူမရဲ့လစာက စားစရာမျိုးစုံဝယ်ဖို့ မလောက်ငှပေမယ့် ထမင်းဝယ်စားနိုင်တယ်။ ထို့နောက်သူမက “ဘုရားသခင်၏နိုင်ငံတော်သည် အဘယ်သို့သောလူမျိုးဖြစ်သည်ကိုပြသရန် ကျွန်ုပ်တို့အား ယေရှုကဲ့ သို့ဖြစ်ရန် ခေါ်တော်မူခြင်းခံရသည်ပင်ဖြစ်ကြောင်း သူမပြောခဲ့သည်။ ကျွန်ုပ်တို့သည် ယေရှု၏နည်းလမ်းကို အသုံးပြုရ မည်ဖြစ်သည်။ သူတို့ကိုကျွေးမွေးရန်နှင့် မိတ်ဖွဲ့ရန်ဖြစ်သည်။ ကျွန်ုပ်ကိုယ်တိုင်အတွက်သာ အသက်ရှင်ရင် ကျွန်ုပ်က ယေရှုနဲ့ ဘယ်လိုတူမလဲ။ လူတွေကို မုန့်ပဲကျွေးရင်၊ အဲဒါက သူတို့ကို တကယ်ကူညီရာဘယ်လိုကျပါ့အုံးမလဲ။ ဒါကြောင့် ဒီကလေးတွေကို ထမင်းကျွေးရင်း ချစ်ခြင်းမေတ္တာကိုပြတာဖြစ်တယ်။ ပြီးတော့ သူတို့ကို ဝိညာဉ်ရေးအစာကိုလည်း ကျွန်မပေးတာဖြစ်တယ်။ ဒါတောင်မှ ကလေးတွေက မကြာခဏ စိတ်ရှုပ်ထွေးတတ်ကြသေးတာဖြစ်တယ်။ ကလေးတွေ ကို သေချာနားထောင်ဖို့လုပ်ပြီး အိမ်ပြန်ရောက်ရင် သူတို့သင်ယူနားထောင်ခဲ့သောကျမ်းစာပုံပြင်တွေ၊ သီချင်းတွေကို သက်သေအဖြစ် မိဘတွေကို ပြန်ပြောပြကြပါသည်။ ဒီလိုနည်းနဲ့ မိဘတွေဆီကိုလည်း ရောက်သွားတယ်။ အခု ကျွန် တော် ဒါကို လုပ်နေတာ ကြာပါပြီ၊ သူတို့ အားလုံးက ကျွန်မကို ချစ်ကြတယ်၊ ကျွန်မကို ယုံကြည်ပြီး နားထောင်ဖို့ လိုလား ကြတာဖြစ်တယ်”
ကလေးတွေ ထမင်းစားပြီးတာနဲ့ သူမက ယောနအကြောင်း သင်ပေးပြီး သီချင်းတစ်ပုဒ် သင်ပေးတယ်။ ထို့ နောက် သူမကို ပွေ့ဖက်ကာ ကျေးဇူးတင်စကားဆိုကြသည်။ သူတို့ဘာပြောတာ ကျွန်နော်ကြားခဲ့ရတယ် “ငါတို့မင်းကို ချစ်တယ် အန်တီ!” သူမမျက်နှာပေါ်တွင် ကြီးမားသော အပြုံးတစ်ခုရှိနေသည်။ သူမက “သူတို့ကို ဘုရားသခင်ရဲ့နိုင်ငံ တော်ကို ပြဖို့ ကြိုးစားနေတာတင်မကဘူး၊ သူတို့က ကျွန်မကို ကောင်းချီးပေးပြီး ရွှင်လန်းမှုလည်း ဖြည့်ပေးသေးတယ်လို သူမပြောခဲ့တယ်။ သူတို့တွေဘုရားကျောင်းကိုလာပြီး ဆုတောင်းကြတယ် ဘုရားသခင်အကြောင်းလာရောက် လေ့လာ တာကို တွေ့ရတာဟာ ပို၍ပျော်ရွှင်အားရစေပါတယ်။ သို့သော် သူတို့ကို ကောင်းကင်ဘုံမှာ တွေ့ရတာဖို့က ကျွန်မရဲ့ အကြီးမားဆုံး ပျော်ရွှင်မှုပါပဲ။ ဒါကြောင့် အခု သူတို့ကို ကောင်းကင်နိုင်ငံရဲ့အရသာ တစ်စက်ကလေးကို မြည်းစမ်းကြည့် စေချင်ပါတာပဲဖြစ်ပါတယ်”
ယေရှုသည် မကြာမီပြန်ကြွလာမည် သို့သော် သူကြွလာသောအခါ သူ၏နိုင်ငံတော်သို့ သင်ဝင်ရောက်ရန် ယခုပင် သင့်အတွင်း၌အဆင်သင့်ဖြစ်နေရမည်။ “သခင်၊ ယနေ့ အကျွန်ုပ်၏စိတ်နှလုံးထဲသို့ ကိုယ်တော်၏နိုင်ငံတော်ကိုထူထောင် တော်မူပါ။ ယနေ့ သူ၏နိုင်ငံတော် အမှန်တကယ်ဖြစ်လာစေရန် ဘုရားသခင်က သင့်အား ခေါ်ဖိတ်နေပါသည်။ နေ့စဉ်ဆု တောင်းခြင်း၊ နှုတ်ကပတ်တော်လေ့လာခြင်းနှင့် ရွှင်လန်းစွာအမှုပြုခြင်းအားဖြင့် ကောင်းကင်ဘုံ၌ သင်အလိုရှိသည့် အတိုင်း ဤနေရာတွင် နေထိုင်ရန်ဖြစ်သည်။ ကောင်းကင်ဘုံသည် သင့်အထဲ၌ တည်နေစေပါ။ ယုံကြည်သူများသည် အတိတ်က သူ၏လက်များကဲ့သို့ပင် ဤနေရာတွင် ဘုရားသခင်၏လက်ဖြစ်နေစေပါ။
ဘုရားသခင်သည် သူ၏နိုင်ငံတော်ကို သင့်နှလုံးသား နှင့် သင့်အိမ်သို့ ယနေ့ နှင့် နေ့တိုင်း နေရာပေးလိုသည်။ ကောင်းကင်နိုင်ငံသားများအဖြစ် ကိုယ်တော်၏မျက်မှောက်တော်တွင် နေထိုင်ရန် သင့်အား ကိုယ်တော်အလိုရှိသည်။ နေ့စဉ် သင့်နှလုံးသားထဲသို့ ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်ကို ဖိတ်ခေါ်ပြီး သင်၏ လုပ်ရပ်များမှတစ်ဆင့် အခြား သူများထံ သူ၏ ချစ်ခြင်းမေတ္တာများ ပျံ့နှံ့ပါစေ။
အတူတူဆုတောင်းကြပါစို့။
ဆုတောင်းချိန် (၃၀-၄၅ မိနစ်)
ဆုတောင်းအဖွဲ့အားလုံးတွင် အတူတကွ ဆုတောင်းနည်းအမျိုးမျိုးရှိသည်။ သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်မူတွင် မည်သည့်နည်းဖြင့်မဆို စည်းလုံးညီညွတ်စွာဆုတောင်းခြင်းဖြင့် နောက် 30-45 မိနစ်ကို အချိန်အသုံးပြုရန် တိုက်တွန်း ပါသည်။ တိုတောင်းသောဆုတောင်းချက်များ (စာကြောင်း 1-3) ဖြင့် အားပေးပါ။ ဤအရာက လူများစွာကို အကြိမ်များ စွာ ပါဝင်ဆုတောင်းနိုင်စေပါသည်။ အောက်တွင် ဆောင်ပုဒ်ကို အခြေခံ၍ ကျမ်းစာအားဖြင့် ဆုတောင်းခြင်း၏ ဥပမာ အချို့ဖြစ်သည်။ သင်သည် အခြားကျမ်းပိုဒ်များမှတစ်ဆင့် ဆုတောင်းနိုင်ပြီး သင်၏ဆုတောင်းချိန်၌ အခြားအကြောင်း အရာများကိုပါ ထည့်သွင်းနိုင်သည်။ ခေါင်းဆောင်၏လမ်းညွှန်မှုနှင့် ကမ္ဘာ့လုံးဆိုင်ရာအသင်းတော်ဆုတောင်း ချက်များအ တွက် ဆုတောင်းချက်အကြံဉာဏ်များကို ကြည့်ပါ။
ဘုရားသခင့်နှုတ်ကပတ်တော်ဖြင့် ဆုတောင်းခြင်း—လုကာ ၁၇:၂၁ခ
“ဘုရားသခင်၏နိုင်ငံတော်သည် သင့်အတွင်း၌ရှိသည်။”
“ဘုရားသခင်၏နိုင်ငံတော်”
သခင်၊ ကိုယ်တော်၏နိုင်ငံတော်သည် လောကီတန်ခိုး၊ အင်အားနှင့်မပတ်သက်ကြောင်း ကျွန်ုပ်တို့သိပါသည်။ ယနေ့ ကျွန်ုပ်တို့၏အသက်တာတွင် ကိုယ်တော်၏နှိမ့်ချသောနိုင်ငံတော်ကို နားလည်ပြီးအသက်ရှင်ရန် ကျွန်ုပ်တို့အားဉာဏ် ပညာပေးပါ။ ကိုယ်တော်၏ မြေကြီးပေါ်ရှိ သားသမီးများကို အစေခံရန်၊ နှစ်သိမ့်ရန်၊ အားပေးရန် ကျွန်ုပ်တို့အား သင့် လျော်သောအခွင့်အရာပေးပါ။
“သင်၏အတွင်းမှာရှိသလား”
အို – ဘုရားသခင်၊ ယနေ့မှစ၍ ကျွန်ုပ်တို့ကို ကောင်းကင်နိုင်ငံသားများကဲ့သို့ နေထိုင်ရန် ကူညီပေးတော်မူပါ။ ကျွန်ုပ်တို့၏ မျက်လုံးများကို ကျွန်ုပ်တို့ကိုယ်တိုင်မှ အခြားသူများထံ လှည့်ပေးတော်မူပါ။ ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် မည်သည့်လူ သည် ယခုအချိန်တွင် နားထောင်ကြားသိရန် လိုအပ်သနည်း။ မည်သူသည် နွေးထွေးစွာကျွေးမွေးခြင်း၊ အဝတ်ကိုဝတ် စေခြင်းလိုအပ်ပါသလဲ? ခရစ်တော်၏တန်ခိုးဖြင့်ပြုပြင်ခြင်း သက်သေခံချက်များကို မည်သူတွေနားထောင် ရန်လိုအပ်ပါ သနည်း? ယနေ့ပင် ကိုယ်တော်၏နိုင်ငံတော်အစီအမံများကို ကျွန်ုပ်တို့၏နှလုံးသားများကို စကားပြောကာ အသက်ရှင်စေ တော်မူပါ။
အပိုဆောင်း ဆုတောင်းရန်အကြံပေးချက်များ
ကျေးဇူးတင်ခြင်း နှင့် ချီးမွမ်းခြင်း – ဘုရားသခင်၏ကောင်းမြတ်ခြင်း နှင့် သူ၏ အထူးသောကောင်းချီးမင်္ဂလာများအတွက် ကျေးဇူးတင်ခြင်း။
ဝန်ချခြင်း – ကိုယ်တော်၏ခွင့်လွတ်ခြင်းအတွက် ကိုယ်ပိုင်ဝန်ချတောင်းပန်ခြင်းအတွက် မီနစ်အနည်းငယ်ယူပါ။
လမ်းညွှန်ခြင်း – လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မူများနှင့် ဆုံးဖြတ်ချက်များအတွက် ဥာဏ်ပညာရရှိရန် တောင်းလျှောက်ခြင်း။
ကျွန်ုပ်တို့အသင်းတော် – ကမ္ဘာ့အသင်းတော် အသင်းသူ/သားများ၏လိုအပ်ချက် နှင့် နယ်ပယ်ဒေသနှင့်သက်ဆိုင်သော နေရာများ ဆုတောင်းပေးခြင်း။
ဒေသန္တရ တောင်းဆိုချက် – ယခုလက်ရှိ အသင်းသူ/သားများ၊ မိသားစုများ နှင့် အိမ်နီးချင်းများ တို့၏လိုအပ်ချက်များအတွက် ဆုတောင်းပေးခြင်း။
နားထောင်ခြင်း နှင့် တုံ့ပြန်ခြင်း – ဘုရား၏အသံကိုနားစွင့်ရန် နှင့် ချီးမွမ်းခြင်းဖြင့် တုံ့ပြန်ရန်။
အကြံပြုသီချင်းများ –
SDA Hymnal: Live Out Thy Life Within Me (#316); He Lives (#251); So Send I You (#578)
Other Songs: We Are His Hands; Brighten the Corner, This Little Light of Mine
Day 7 – အလိုတော်သည် ကောင်းကင်ဘုံ၌ရှိသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော
“တဖန်မိန့်တော်မူသည်ကား၊. . . . သင်တို့သည် မြော်လင့်သော အကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှါသာ၊ သင်တို့ အဘို့ ကြံစည်သော အကြံတို့ကို ငါသိ၏။” ယေရမိအနာဂတ္တိကျမ်း ၂၉း၁၁
သူသာလျှင် သခင်ဖြစ်သည်
ကျွန်ုပ်တို့အားလုံးမှာ အစီအစဉ်များကိုယ်စီရှိကြပါတယ်။၊ ရေရှည်အစီအစဉ်များနှင့် နေ့စဉ်အစီအစဉ်များ ဆိုပြီး အသီးအ သီးရှိကြပါတယ်။ ကျွန်ုပ်တို့ဆုတောင်းသည့်အခါမှာလည်း ဘုရားသခင်ရဲ့အကြံအစည်များကို ရှာဖွေမည့် အစား ကျွန်ုပ်တို့ စီစဉ်ထားပြီးသောအရာများအတွက် ဘုရားသခင်ရဲ့အကူအညီနှင့် ကောင်းချီးမင်္ဂလာများကိုသာ ရှာဖွေလေ့ရှိပါတယ်။ ဘုရားသခင်ပြောတာက “သင်တို့အတွက် ငါပေးသောအကြံအစည်များကို ငါသိ၏” ဟု ယေရမိအနာဂတ္တိကျမ်း ၂၉:၁၁၊ မှာဖော်ပြထားပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ဘုရားသခင်ရဲ့ကောင်းချီးများနှင့် အရင်း အမြစ်များကို ရရှိနိုင်ဖို့ရန် သူ၏အစီ အစဉ်အတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဆုတောင်းသည့် အချိန်မှာ ကျွန်ုပ်တို့ဟာ သခင်အဖြစ် သူဟာ ကျွန်အဖြစ်ကဲ့သို့ ပြုမူတတ်ကြပါတယ်။ သူဟာ ဘုရား သခင်ဖြစ်တယ်၊ သူဟာ အရှင်သခင်ဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့အောက်မေ့ဖို့ရန်လိုအပ်ပါတယ်။ ကျွန်ုပ်တို့ ဘာလုပ်ရ မယ်ဆိုတာ သူပြောပြမှာဖြစ်ပါတယ်။ “တစ်ရက်တာအတွက် နံနက်တိုင်း ဘုရားသခင်ထံသို့ ကိုယ့်ကိုကိုယ်သန့်ရှင်း စေရန်လိုအပ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အကြံအစည်အလုံးစုံတို့ကို ကိုယ်တော်ထံသို့ အပ်နှံရပါမည်။ ကျွန်ုပ်တို့လုပ်ဆောင် ရမည့်အရာ သို့မဟုတ် ပေးကမ်းရမည့် အရာများကို ကိုယ်တော်ဘုရားညွှန်ပြသည့်အတိုင်း ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ဒီလိုနဲ့ နေ့ရက်တိုင်း ကျွန်ုပ်တို့အသက်တာကို ဘုရားသခင်လက်ထဲသို့ လုံးလုံးလျား လျား အပ်နှံနိုင်မှာဖြစ်ပါတယ်။” (Steps to Christ, p. 70)
ဘုရားသခင်ရဲ့ဆုတောင်းချက်ထဲက ဤစကားစုကို သတိရပါ —- “အလိုတော်သည် ကောင်းကင်ဘုံ၌ရှိသကဲ့သို့ မြေကြီး ပေါ်မှာ ပြည့်စုံပါစေသော။” ကောင်းကင်တမန်များဟာ ဘုရားသခင်ကို အစေခံကြပါတယ်။ ဘုရားသခင်တာဝန်ပေး ထားတာတွေကို သူတို့လုပ်ရပါတယ်။ သူတို့တွေက “ဟုတ်ကဲ့ပါ သခင်” လို့ဖြေပြီး လုပ်ရမည့်တာဝန် များကိုကြေပွန်စွာ လုပ်ဆောင်ကြပါတယ်။ ဘယ်သူကမှ ဘုရားသခင်ကို ပြန်ခံမပြောကြပါဘူး။ ဘယ်သူကမှ “ငါ အလုပ်ရှုပ်နေတယ်” သို့မဟုတ် “နောက်မှလုပ်မယ်” ဟူ၍လည်းညှိနှိုင်းခြင်းမရှိပါဘူး။ “ငါ့မှာအစွမ်းစ၊ အရင်းအ မြစ်တွေ မရှိဘူး” ဒါမှမဟုတ် “ငါ့မှာ ပိုကောင်းတဲ့ အကြံဥာဏ်တစ်ခု ရှိတယ်” ဆိုပြီး ဘယ်သူကမှ ငြင်းခုံ မနေပါ ဘူး။ ဘုရားသခင်က တစ်ခုခုလုပ်ရန် ကောင်းကင်တမန်တစ်ပါးအား မိန့်ဆိုသောအခါတွင် လိုအပ်သော အရင်းအ မြစ် များအားလုံးကို ဘုရားသခင်ထံမှရရှိနိုင် ကြောင်း သိရှိတော်မူ၍ လုပ်ဆောင်စရာများကို ပြုမူဆောင်ရွက် ကြပါတယ်။
တစ်နေ့မှာ ကျွန်တော့်အမျိုးသမီးနဲ့ ကျွန်တော်က ဆယ့်တစ်နာရီကြာ ခရီးမောင်းနှင်လာခဲ့ပါတယ်။ ခါတိုင်းလိုပဲ၊ အဲဒီနေ့ မှာ ဘုရားသခင်ရဲ့ အစီအစဥ်ကို ကျွန်ုပ်တို့ ရှာဖွေခဲ့ပြီး အမှုဆောင်ရွက်ရန်အတွက် အခွင့်အလမ်း ပြသဖို့ ဘုရားသခင်ကို တောင်းဆိုခဲ့ပါတယ်။ ငါးနာရီခန့်ခရီး ရောက်တဲ့အချိန်မှာ အသင်းအုပ်ဆရာ သူငယ်ချင်းကောင်း တစ်ဦးဟာဖုန်းဆက်၍ “ငါ့ကိုဆုတောင်းပေးပါ” ဟုသူကပြောပါတယ်။ “ကျွန်ုပ်သည် ကျူးဘားနိုင်ငံသို့ ဧဝံဂေလိ တရားဟောပြောရန်သွားရ သော်လည်း ကျွန်တော့်ကားပျက်သွားပြီး ဘတ်စ်ကားလည်း မလာပါ။”
အဲဒီအခိုက်အတန့်မှာ ကျွန်တော်တို့ ဖြတ်မောင်းနေတဲ့ ဧရိယာမှာ သူရှိနေတာကို ကျွန်တော်သတိရလိုက်ပါတယ်၊ ဒီတော့ ကျွန်တော်က “မင်းဘယ်မှာရှိနေလဲ” လို့ မေးလိုက်တော့ သူက ထွက်ပေါက်နံပါတ်ကို ပေးခဲ့ပါတယ်။ သူပြောသလိုပဲ၊ ကျွန်တော်တို့က အဲဒီထွက်ပေါက်ကို ချဉ်းကပ်ခဲ့ပါတယ်။ “ငါတို့ မင်းရဲ့ထွက်ပေါက်မှာရောက်နေ တယ်!” လို့ ကျွန်တော် ပြောတော့ “ဒါက ဘယ်လိုဖြစ်ရတာလဲ? မင်းတို့က ကျွန်တော့ရဲ့ မြောက်ဘက် ငါးနာရီခန့် ခရီးလောက်မှာ ရှိနေတာ မဟုတ်လား!” လို့သူကပြောပါတယ်။ သူပြောပြထားတဲ့ ထွက်ပေါက်အတိုင်း သူရှိ နေတဲ့နေရာကို ကျွန်တော်တို့သွား၍ သူ့ကိုခေါ်လာပြီး လေဆိပ်ဆီကို မောင်းနှင်ပေးလိုက်ပါတယ်။ သူဟာ လေယာဉ်အမှီ ကျူးဘားနိုင်ငံကိုအရောက်သွား နိုင်ခဲ့ပါတယ်။
မကြာခဏဆိုသလို ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့၏ကိုယ်ပိုင်အစီအစဉ်များအတွက် ကြိုးစားလုပ်ဆောင်သောအခါမှာ အဆက် မပြတ် စိတ်ဖိစီးနေတတ်ကြပါတယ်။ သို့တိုင်အောင်၊ ကျွန်ုပ်တို့ဟာ ကြီးမားသောပုံသဏ္ဍန်ကို သေချာမသိ သေးပါ။ ကျွန်ုပ်တို့ဟာ အနာဂတ်ကိုမသိနိုင်ပါ။ ဘုရားသခင်ကတော့ သိပါတယ်၊ ကျွန်ုပ်တို့ကိုလည်း ချစ်ပါတယ်။
“မိမိကိုယ်တိုင် စီစဉ်မျှော်မှန်းထားသော တောက်ပတဲ့အနာဂတ်တစ်ခု တည်ဆောက်ရာတွင် မိမိဘက်က အလွန် အကျွံ ပျက်ကွက်မှုများစွာ ဖြစ်တတ်ပါတယ်။ သင့်အတွက် ဘုရားသခင် စီစဉ်ပါစေ။ သင်သာ အစမှ အဆုံးကို မြင်ရလျှင် သင်နဲ့ အတူ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် ဖြည့်ဆည်းပေးမယ့် ဘုရားသခင်၏ရည်ရွယ်ချက်ရဲ့ ဘုန်း အသရေကို ပိုင်းခြားသိမြင် နိုင်မှာဖြစ်ပါတယ်။ ဘုရားရှင်ကို ဦးဆောင်ဖို့ရန် မိမိတို့ကိုယ်တိုင် ရွေးချယ်မှသာ ဘုရားက သူ့သားသမီးတွေကို ပို့ဆောင် ပေးမှာဖြစ်ပါတယ်။” (The Ministry of Healing, p 479)
ဆုတောင်းခြင်းအားဖြင့် ဘုရားအလိုတော်ကို သိရှိနိုင်ပြီး အလိုတော်အတိုင်း နားထောင်လိုက်လျှောက်ရပါမည်။ ကိုယ် တော်အား သင့်ကိုပြောသောစကားသည် သင့်အား ကိုယ်တော်ကိုပြောသောအရာထက် ပို၍ အရေးကြီး ပါတယ်။ ကျွန်ုပ် တို့ဟာ “ဘုရားသခင်၏အလိုတော်နှင့်ဆိုင်သောအသိပညာကိုရရှိရန် ကိုယ်ပိုင်အတွေ့အကြုံရှိဖို့ လိုအပ်ပါတယ်။ ကျွန်ုပ် တို့၏ စိတ်နှလုံးသားထဲမှ ကိုယ်တော်ဘုရား စကားပြောဆိုသည်ကို တစ်ဦးချင်းကြားသိ နိုင်ပါတယ်။ အခြားအသံများ အားလုံး တိတ်ဆိတ်နေချိန်၊ ကျွန်ုပ်တို့ဟာ ဘုရားသခင်ရှေ့မှာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသောအခါ၊ စိတ်ဝိညာဉ်၏ တိတ်ဆိတ်မှုဟာ ဘုရားသခင်၏အသံကို ပို၍ထင်ရှားစေပါတယ်။” (The Ministry of Healing, p 58)
ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့ဟာ ဘုရားသခင်အား ပြောကြားပြီး၊ နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်ဟာ ကျွန်ုပ်တို့အား ပြောပါတယ်။ ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော်လေ့လာခြင်းတို့ဟာ အမြဲတစေ တွဲနေပါတယ်၊ ဘယ်တော့မှ မခွဲသင့်ပါဘူး။ “သမ္မာကျမ်းစာဟာ ဘုရားသခင်က ကျွန်ုပ်တို့အား ပြောသောအသံဖြစ်၍ နားနှင့်ကြား နိုင်သကဲ့သို့ သေချာရှင်းလင်းစွာ ကြားသိနိုင်ပါတယ်” (Testimonies for the Church, vol. 6, p 393)
ကျွန်ုပ်တို့ရဲ့လိုအပ်ချက်များအတွက် ကိုယ်တော်ကို သေချာပေါက်ပြောပြနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ လိုအပ်ချက်များ အားလုံးကို ကိုယ်တော်ထံ အပ်နှံရန် ကျွန်ုပ်တို့ကို မိန့်ကြားခဲ့ပါတယ် (၁ပေ ၅း၇)။ ဘုရားရှင်ထံသို့ အကူအညီတောင်း ရာတွင် အမှားအယွင်းမရှိပါ။ သို့ရာတွင်၊ သင်ဟာ မသိသေးသောအရာများကို ဘုရားသခင်အား အသိပေး ခြင်းမဟုတ်ပေ။ သို့အစား၊ သင်ဟာ ဘုရားသခင်ကို ကူညီရန် သဘောတူညီခြင်းဖြစ်ပါတယ်။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို လွတ်လပ် စွာရွေးချယ်ခွင့်ကို ပေးခဲ့ပြီး ကျွန်ုပ်တို့၏ရွေးချယ်မှုကို လေးစားပါတယ်။ ကျွန်ုပ်တို့အပေါ်၌ သူ၏အလိုတော်ကို ဆောင် ထားခြင်းဖြင့် မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်မည်မဟုတ်ပါ။ ကိုယ်တော်ဟာ ကျွန်ုပ်တို့ကို တောင်းဆိုရန်၊ ကိုယ် တော်၏အကူအညီကို ရွေးချယ်ရန် စောင့်မျှော်နေပြီး၊ ကျွန်ုပ်တို့ရွေးချယ်မှု အပေါ် ဘုရားသခင်သည် ဆောင်ရွက်ပေးမည် ဖြစ်ပါတယ်။
ဆုတောင်းပါ၊ နှုတ်ကပတ်တော်လေ့လာပါ၊ ဆက်လက်စဉ်းစားပါ။ သင့်လိုအပ်ချက်များနှင့် အစီအစဉ်များကို တင်ပြပြီး ဘုရားသခင်ရဲ့ ဦးဆောင်မှုနှင့် လမ်းညွှန်မှုကို တောင်းခံပါ။ ဘုရားသခင်ရဲ့ အစီအစဥ်တွေကို သင့်ပထမ ဦးစားပေးလုပ်ပါ။ ဘုရားသခင်ကို ဦးစွာရှာပါ၊ ထို့နောက် ကတိပြုထားသည့်အတိုင်း သင်၏လိုအပ်ချက်အားလုံး ကို ဖြည့်ဆည်းပေးမည်ဟု ယုံကြည်ပါ (မဿဲ ၆း၃၃)။ ဘုရားရှင်အား အစေခံရန် သင့်ကိုယ်သင် အချိန်ပေးပြီး သူ၏အလိုတော်ကို လိုက်နာပါ။ “သခင်၊ အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကိုဒီနေ့အသုံးပြုပါ။ ဒီကနေ့မှာ ကိုယ်တော်ရဲ့ အလိုတော်အတိုင်း အကျွန်ုပ်၏အသက် တာ၌ ပြည့်စုံပါစေ” ဟု သခင်အားပြောပါ။
အတူတကွ ဆုတောင်းကြပါစို့။
ဆုတောင်းချိန် (၃၀ – ၄၅ မိနစ်)
ဆုတောင်းအဖွဲ့အားလုံးတွင် အတူတကွ ဆုတောင်းနည်းအမျိုးမျိုးရှိပါတယ်။ United prayer အချိန်မှာဆုတောင်းသည့် ချိန်ကို ၃၀-၄၅ မိနစ်ခန့် သို့မဟုတ် သန့်ရှင်းသောဝိဉာဉ်တော် ပို့ဆောင်သလို အချိန်ယူ ဆုတောင်းရန် တိုက်တွန်းလို ပါတယ်။ ကျွန်ုပ်တို့သည် တိုတောင်းသော ဆုတောင်းချက်များ (စာကြောင်း 1 မှ 3) ကို သာတင်ပြဖို့ အားပေးပါသည်။ ဒီလိုလုပ်ခြင်းဖြင့် လူများစွာကို အကြိမ်များစွာ ဆုတောင်းချိန် ရရှိစေနိုင်ပါတယ်။ အောက်တွင်ဖော်ပြထားသောကျမ်း ပိုဒ်ဟာ ဆုတောင်းခြင်း၏ အခြေခံဆုတောင်းချက်ဖြစ်ပါတယ်။ သင်သည် အခြားကျမ်း ပိုဒ်များမှတစ်ဆင့် ဆုတောင်း နိုင်ပြီး သင်၏ဆုတောင်းချိန်၌ အခြားအကြောင်းအရာများကိုပါ ထည့်သွင်းနိုင် သည်။ သင့် ခေါင်းဆောင်၏လမ်းညွှန်မှုနှင့် ကမ္ဘာ့အသင်းတော်၏ ဆုတောင်းချက်များအတွက် ဆုတောင်းချက် အကြံဉာဏ်များကို ကြည့်နိုင်ပါတယ်။
ဘုရားရှင်၏ နှုတ်ကပတ်တော်၌ ဆုတောင်းခြင်း – ယေရမိအနာဂတ္တိကျမ်း ၂၉း၁၁
“တဖန်မိန့်တော်မူသည်ကား၊. . . . သင်တို့သည် မြော်လင့်သော အကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှါသာ၊ သင်တို့ အဘို့ ကြံစည်သော အကြံတို့ကို ငါသိ၏။” ယေရမိအနာဂတ္တိကျမ်း ၂၉း၁၁
အကြောင်းမူကား၊ ငါသည် သင်တို့အတွက် အစီအစဥ်များကို ငါသိ၏။
သခင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကိုယ်ပိုင်ပန်းတိုင်များအတွက် အလွန်အလုပ်များနေပါသည်။ ရည်မှန်းချက်၊ လောဘ၊ အတ္တတို့အတွက် ခွင့်လွှတ်ပါ။ အဲဒီအစား ကိုယ်တော်ရဲ့အစီအစဉ်တွေကို ကျွန်တော်တို့ကိုပြတော်မူပါ။ ကျွန်ုပ်တို့၏ပတ် ဝန်းကျင်ရှိ လိုအပ်ချက်များကို ကြည့်ရှုရန် ကျွန်ုပ်တို့၏မျက်လုံးများကို ညွှန်ပြပါ။ ကျွန်ုပ်တို့၏ လက်ခြေများကိုထမ်း ဆောင်လိုစိတ်ရှိရန် မစပါ။
သင့်အား မျှော်လင့်ချက်နှင့် အနာဂတ်ကို ပေးဆောင်ရန် အစီအစဉ်။
ဘုရားသခင်၊ ကျွန်ုပ်တို့၏ မြေကြီးဆိုင်ရာ အစီအမံများ ပြိုပျက်သွားပြီး အရာအားလုံး ပျက်ပြားသွားလိမ့်မည်၊ သို့သော် ကိုယ်တော်၏ အစီအစဉ်များသည် ထာဝရကာတိုင်အောင် ရှိပါမည်။ ကျွန်ုပ်တို့၏ ကျရှုံးမှုများသည် တည်မြဲမည်မဟုတ် သည့်အတွက် ကျေးဇူးတင်ပါသည်။ ယနေ့ ကိုယ်တော်၏နိုင်ငံတော်ကို တစေ့တစောင်းကြည့် ရှုနိုင်ရန် ကျွန်ုပ်တို့အား ယုံကြည်မှု ပေးသနားတော်မူပါ။ ကျွန်ုပ်တို့၌ ကိုယ်တော်၏အသက်တာကို ရှင်သန်စေပါ။
ဆုတောင်းခံချက်များအတွက် အကြံပြုချက်များ
ကျေးဇူးတော်နှင့် ချီမွမ်းခြင်း– ထာဝရဘုရားသခင်၏ စစ်မှန်သော ကောင်းချီးမင်္ဂလာများအတွက် ကျေးဇူးတော်ကို ချီးမွမ်းပြီး သူ၏ကောင်းမြတ်မှုအတွက် ဘုရားသခင်ကို ချီးမွမ်းပါ။
ဝန်ခံခြင်း– မိနစ်အနည်းငယ်ယူ၍ သူ၏ခွင့်လွှတ်မှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါ။
လမ်းညွှန်ချက်– လက်ရှိစိန်ခေါ်မှုများနှင့် ဆုံးဖြတ်ချက်များချရန်အတွက် ဘုရားသခင်ထံမှ ဉာဏ်ပညာကို တောင်း လျှောက်ပါ။
ကျွန်ုပ်တို့၏အသင်းတော်– ဒေသဆိုင်ရာနှင့် ကမ္ဘာ့အသင်းတော်၏လိုအပ်ချက်များအတွက် ဆုတောင်းပါ (တောင်း ဆိုချက်များနှင့်အတူ သီးခြားစာရွက်ကိုကြည့်ပါ)
ဒေသဆိုင်ရာတောင်းဆိုချက်များ– အသင်းသူအသင်းသားများ၊ မိသားစုနှင့် အိမ်နီးချင်းများ၏ လက်ရှိလိုအပ်ချက် များအတွက် ဆုတောင်းပါ။
နားထောင်ပြီး တုံ့ပြန်ပါ- ဘုရားသခင်ရဲ့ အသံကို နားထောင်ပြီး ချီးမွမ်းခြင်း ဒါမှမဟုတ် သီချင်းနဲ့ တုံ့ပြန်ဖို့ အချိန် ပေးပါ။
Song Suggestions
SDA Hymnal: I Surrender All (#309); Take My Life and Let It Be (#330); Be Thou My Vision (#547)
Other Songs: All in All; Create in Me a Clean Heart; Make Me a Servant
Day 8 “ဤနေ့အတွက် အသက်မွေးလောက်သောအစာကိုပေးတော်မူပါ”
“ငါတို့သည် အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။ ထို့ကြောင့် ငါတို့သည် အဆင်သင့်သောအလုပ် အတိုင်း ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။” ဂလာတိ ၆း ၉၊၁၀။
ဘုရားသခင်ပြင်ဆင်တော်မူလိမ့်မည်
တစ်နေ့မှာ ကျွန်ုပ်၏ငွေကြေးဆိုင်ရာအစီအမံကို လုပ်ဆောင်နေရင်း…ဆယ်ဖို့တစ်ဖို့၊ အသင်းတော်အတွက် အလှူငွေ နှင့် အခြားလိုအပ်သည့်အရာများကိုပယ်ထားပြီး၊ သုံးဆွဲမှုအတွက်ကျသင့်သည့် ဘေလ်များကိုလည်း ပေးဆောင် ခဲ့သည်။ သားတို့အတွက် ကျောင်းစရိတ်ဖယ်ထားပြီးသောအခါ တစ်လစာအတွက် အစားအစာနှင့် အခြားအသုံးစရိတ် အတွက် ငွေအနည်းသာကျန်တော့သည်။ ကျောင်းစရိတ်ပေးဆောင်ရန် အိမ်မှကျောင်းသို့ ကားမောင်းထွက်သည့် အချိန်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သည်။
ကျောင်းဝင်းထဲဝင်ခါနီးလေးမှာ စိတ်ဓာတ်ကျနေပုံပေါ်သော အမျိုးသမီးတစ်ယောက်ကိုတွေ့ရသည်။ အနီးသို့ ချဥ်းသောအခါ လွန်ခဲ့သောလအနည်းငယ်က ကျွန်ုပ်နှစ်ခြင်းပေးခဲ့သော အမျိုးသမီးဖြစ်ကြောင်းသိရသည်။ သူမ ငိုကြွေး နေပါသည်။
ကျိုးကြောင်းမေးမြန်းကြည့်ရာ ….. သူမအလုပ်လုပ်နေသော စက်ရုံပိတ်သွားသောကြောင့် သူမနှင့်အခြားသူအချို့ အလုပ်လက်မဲ့ဖြစ်သွားကြောင်းသိရပါသည်။ အိမ်ငှားခမပေးနိုင်သောကြောင့် သားနှစ်ယောက်နှင့်အတူ နှင်ထုတ်ခြင်း ခံရ ကာ ယခုမှာလည်း စားစရာမရှိကြောင်းပြောလာသည်။ သူ့ကိုစတိုးဆိုင်သို့ခေါ်သွားပြီး စားစရာများ ချင်းတောင်းအပြည့် ဝယ်ထည့်ပေးကာ ကျောင်းသို့ပြန်မောင်းပို့ခဲ့သည်။ အိမ်ခန်းပိုင်ရှင်နှင့်သွားတွေ့ကာ သူမ၏အကြွေးတစ်ဝက်ကို ဆပ်ပေး ထားခဲ့သည်။ ထိုအရာများအတွက် သား၏ကျောင်းစရိတ်ပေးဆောင်ရန်ငွေထဲမှ သုံးလိုက်ခြင်းဖြစ်သည်။ ထိုအတွက် အသင်းတော်ဘုတ်ကိုတင်ပြကာ သူတို့အတွက် လျှပ်စစ်မီးဘေလ်ကိုဆောင်ပေးခဲ့သည်။ နောက်နောင်အဆင်ပြေလာရန် အခြားလိုအပ်တဲ့သူတွေကိုလည်းကူညီဖို့ သူ့အားပြောခဲ့ပါသည်။ သူမအလွန်ဝမ်းသာသွားသည်။
အိမ်ပြန်ရောက်လို့ ဇနီးသည်ကိုပြောပြပြီး သားတို့ရဲ့ကျောင်းစရိတ်အတွက်တော့ စိတ်ပူတယ်ဟုပြောသောအခါ၊ “ဘုရားသခင်ပြင်ဆင်ပေးပါလိမ့်မယ်” ဟု သူအေးအေးတည်းတည်ဖြင့်ပင်ပြောသည်။ ထိုနေ့လယ်မှာအိမ်ရှေ့ရှိ စာထည့်သည့်ပုံးကလေးကိုကြည့်လိုက်မိရာ အထဲမှာငွေထုတ်လက်မှတ်ပါသော စာအိတ်တစ်လုံးကိုတွေ့သည်။ ငွေထုတ် ရန်ပမာဏက ထိုအမျိုးသမီးကိုမစသည့် ပမာဏအတိုင်းဖြစ်သည်ကို အံ့သြစွာတွေ့ရပါသည်။
ကိုယ့်သားသမီးကို ကိုယ်ဂရုစိုက်တာထက် ဘုရားသခင်က ကျွန်ုပ်တို့ကို ပိုဂရုစိုက်ပါသည်။ စားစရာများကို ပြင်ဆင်ပေးမည်ဟုလည်း ကတိတော်ရှိပါသည် (ဟေရှာ ၃၃း၁၆)။ ယနေ့ကျမ်းပိုဒ်မှစကားကိုတော့ သတိပြုပါ။ “ယနေ့ အတွက် အသက်မွေးလောက်သောအစာကို ပေးတော်မူပါ”။ ကိုယ့်အတွက်သာမက အခြားသူအတွက်လည်း ဆုတောင်းဖို့ ဘုရားကပြောသည်။ သို့ပါ၍ မိမိကိုယ်ကိုချစ်သကဲ့သို့ သူတပါးကိုလည်းချစ်ပါဟု ရှင်းရှင်းလင်းလင်းဖော်ပြထားပါသည် (မာကု ၁၂း၃၁)။ သူများအတွက်ကိုလည်း ဆုတောင်းပေးရမည်(ယာကုပ် ၅း၁၆)။
“ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ထမ်းသောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့။” (ဂလာတိ ၆း၂)။ ပထမရာစုနှစ်မှ တပည့်တော်များထိုအတိုင်းပြုကြသည်။ ထိုသူတို့သည် ပြုလေသမျှတို့၌ စိတ်သဘော တစ်လုံးတစ်ဝတည်းရှိကြသည်။ (တမန်တော် ၄း၃၂)။
“ကျွန်ုပ်တို့ဆုတောင်းသောအခါ တစ်ကိုယ်ကောင်းမဆန်သင့်။ ခရစ်တော်၏နည်းဥပဒေသသည် ကျွန်ုပ်တို့၏ နည်းဥပဒေဖြစ်ရမည်…….သူများနှင့် ပြန်လည်ဝေငှဆက်သွယ်နိုင်ရန် ဘုရားသခင်ထံမှတောင်းရမည်။ ရယူနိုင်ခြင်းကို ပေးစွမ်းနိုင်ခြင်းအားဖြင့်သာ ထိန်းသိမ်းထားနိုင်သည်။ ကျွန်ုပ်တို့အနီးရှိသူတို့နှင့်မထိတွေ့ဘဲ ကောင်းကင်မှ ဘဏ္ဍကို ဆက်လက်ပြီးရယူပိုင်ဆိုင်ခွင့်မရှိနိုင်ပါ။” (ခရစ်တော်၏ သရုပ်ပြသွင်သင်ချက်များ – COL, ၁၄၂၊ ၁၄၃)
ကိုယ်တော်၏ဆုတောင်းချက်၌ နက်ဖြန်အတွက်မပါရှိကြောင်း သတိပြုပါ။ ယနေ့အတွက်သာြဖစ်သည်။ ဣသရေလများ မန္နမုန့်ကို တစ်နေ့တာအတွက်သာသိမ်းယူကြရပါသည်။ နက်ဖြန်အတွက်စိုးရိမ်ပူပန်ခြင်းကို ဘုရားအလို မရှိပါ (မဿဲ ၆း၃၄)။ ယနေ့အတွက်တောင်းပါ။ ဝေငှဖို့အတွက်တောင်းပါ။ သူများအတွက် ကောင်းကြီးကိုရှာဖွေပါ။ ခရစ်တော်၏တပည့်တော်များ တရားဟောမထွက်မီ မိမိတို့ပတ်ဝန်းကျင်ရှိသူများအတွက် ကောင်းကြီးဖြစ်စေသောအား ဖြင့် ဘုရားသခင်အားချစ်သည်ကို ဖော်ပြရမည်။
တရားစီရင်ရာနေ့မှာ သခင်ယေရှုက … ဓမ္မစည်းဝေးမှန်မှန်တက်ပြီး ကောင်းတာလုပ်ရဲ့လားလို့ မေးမှာ မဟုတ်ဘူး (ဟေဗြဲ၊ ၁၀း၂၅)။ သူပြောမှာက “ငါအဝတ်အချည်းစည်းရှိတဲ့အခါ၊ ဆာလောင်နေတဲ့အခါ၊ ရေငတ်တဲ့အခါမှာ … အနားမှာရှိတဲ့ ချို့တဲ့သူတွေကိုပြုရင်၊ ငါ့ကိုပြုပြီပဲ။” (မဿဲ၊ ၂၅း၃၁-၄၅ ကိုကြည့်ပါ)
သင့်ဝန်းကျင်ရှိသူအတွက်ဆုတောင်းပေးဖို့၊ ချစ်ဖို့ နဲ့ ကောင်းချီးဖြစ်ဖို့ ဘုရားက သင့်ကို တောင်းဆိုပါတယ်။
– အတူတကွ ဆုတောင်းကြပါစို့ ။
– ဆုတောင်းချိန် ( ၃၀-၄၅ မိနစ် )
ကိုယ့်နည်းကိုယ့်ဟန်နဲ့တောင်းနိုင်တယ်။ နောက်ထပ် ( ၃၀-၄၅ မိနစ် ) ကို United prayer နဲ့ လုပ်ဆောင်ရန် အကြံပြုပါတယ်။ တစ်ယောက်ကို ( ၁-၃ စက္ကန့် တိုတိုလေး)။
ဦးတည်ချက်ထားတဲ့ ဆုတောင်းချက်များကို ဂရုစိုက်ပါ။
– နှုတ်ကပတ်တော်၌ ဆုတောင်းခြင်း (ဂလာတိ၊ ၆း၉၊၁၀။)
“ကောင်းသောအကျင့်ကျင့်ရန် အားမလျော့ဘဲ”
အဖဘုရား၊ တခြားအမှုအရာတွေမှာ အားအင်လျော့စေခဲ့ပါတယ်။ ကိစ္စအများကြီးအပေါ် အာရုံစိုက်ပြီး တန်ခိုးအရင်းအမြစ်ကို မေ့လျော့တတ်ပါတယ်။ ကိုယ်တော့်ထံဦးလှည့်တတ်ပါတယ်။ ကိုယ်တော့်ထံဦးလှည့် ဂရုစိုက်နိုင်ဖို့ မစပါ။ ကျွန်ုပ်တို့ရဲ့ စိတ်သဘောကို စစ်ဆေးပြီး မကုန်ခန်းနိုင်တဲ့ မေတ္တာတန်ခိုးဖြင့် ချို့တဲ့နေသော ဒီကမ္ဘာကြီကို ဖြည့်ဆည်းမစတော်မူပါ။”
“ဇွဲရှိလျှင် ရိတ်သိမ်းရမည်”
အဖဘုရား၊ ရိတ်သိမ်းရာအဖို့ ကတိတော်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်တို့၏ ကြဲဖြန့်ခြင်း၊ တစ်ဦးတစ်ယောက်၏ရေလောင်းခြင်းတည်းဟူသော သစ္စာရှိစွာလုပ်ဆောင်သော လက်များကို ကောင်းချီးပေးပါ။ ရိတ်သိမ်းခြင်းကို ကိုယ်တော့်လက်တော်သို့ အပ်နှံပါ၏။
“လူအပေါင်းတို့အား ကောင်းမွန်စွာ ဆက်ဆံပြုစုခြင်း”
ဘုရားသခင် … လုပ်ဆောင်ဖို့ လိုအပ်ချက်တွေကို မြင်တတ်တဲ့ ကိုယ်တော့်ရဲ့ မျက်စိမျိုးကို ပေးတော်မူပါ။ ကျွန်ုပ်၏သားသမီး၊ အိမ်ထောင်ဖက်၊ မိတ်ဆွေများနှင့် ယုံကြည်သူချင်းတို့အား ကိုယ်တော်၏ မေတ္တာကို ညွှန်ပြ သက်သေပြုနိုင်ဖို့ သွန်သင်တော်မူပါ။
“အကြံပြုချက်များ”
ကျေးဇူးတင်ခြင်းနှင့် ချီးမွမ်းခြင်း – တိကျတဲ့ကောင်းချီးအတွက် ချီးမွမ်းပါ။
အပြစ်ဝန်ချခြင်း – မိနစ်အနည်းငယ်အတွင်း တစ်ယောက်စီရဲ့ ဝန်ချတောင်းပန်ခြင်းပြုပါ။
လမ်းညွှန်မှုအတွက် – လက်ရှိစိန်ခေါ်မှုတွေနဲ့ ဆုံးဖြတ်ချက်ချရမည့်အရာတွေအတွက် ဥာဏ်ပညာကို တောင်းခံပါ။
အသင်းတော်အတွက် – ဒေသန္တရအသင်းတော်နဲ့ ကမ္ဘာ့မိသားစုအသင်းတော်၏လိုအပ်ချက်အတွက် ဆုတောင်းပါ။
(တောင်းဆိုချက်များကို ကြည့်ပါ။)
ဌာနေရှိတောင်းဆိုချက်များ – အသင်းသားများ၊ မိသားစုများ၊ အိမ်နီးချင်းများတို့၏ လက်ရှိ(လောလောလတ်လတ်)
လိုအပ်ချက်များ။
နားထောင်တုံ့ပြန် (Listen and Respond) – ဘုရားသခင်ရဲ့ အသံတော်ကို တိတ်ဆိတ်စွာ နားထောင်ဖို့ အချိန်ယူပါ။
သီချင်းအားဖြင့် တုံ့ပြန်ပါ။
အကြံပြုဓမ္မတေးများ – SDAH 373 “Seeking the Last”
SDAH 369 “Bringing in the Sheaves”
SDAH 573 “I’ll go where you want me to go”
အခြားသီချင်းများ – We are His hands; They’ll know We are Christians, Pass It On.
Day 9 သူတပါး၏အပြစ်ကိုလွှတ်လျင် သင်၏အပြစ်ကိုလွှတ်မည်
ရှင်မသဲခရစ်ဝင် ၆း၁၄ သင်တို့သည် သူတပါး၏အပြစ်ကိုလွတ်လျင် ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့အဘ သည် သင်တို့၏ အပြစ်ကိုလွှတ်တော်မူမည်။
“ကျွန်ုပ်မစံစားပါ”
သူမသည် သက်ကြီးပိုင်းအထိ ကျွန်ုပ်၏ဘုရားကျောင်းတွင် နှစ်ပေါင်းများစွာ အသင်းထောက်မယ်တစ်ဦးအဖြစ်တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ထိုအမျိုးသမီးအခု ဆေးရုံကိုရောက်နေသည်။ ကျွန်ုပ်အလည်သွားသောအခါ သူက ကျွန်မအတွက် ဆုမတောင်းပါတော့နှင့်၊ ကျွန်မမှာလမ်းပျောက်နေလို့ပါတဲ့။ ဘာကြောင့်အဲဒီလိုပြောတာလဲလို့ ကျွန်ုပ်မေးတဲ့အခါ သူမက ဆရာ ကျွန်မငယ်စဉ်အချိန်က အပြစ်ကြီးတစ်ခုကို ကျူးလွန်မိခဲ့လို့ပါ။ ဘုရားသခင်ကို အပြစ်လွတ်ဖို့တောင်းခဲ့သလားလို့ ကျွန်ုပ်က မေးလိုက်တော့ အို၊ နေ့ရက်တိုင်းတောင်းခဲ့တာပေါ့။ ဒါပေမယ့် သူက ကျွန်မကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ခွင့်မလွတ်တာကို သင်ဘယ်လိုသိတာလဲ။ ကောင်းပါပြီ ဆရာရယ် ကျွန်မ မခံစားရတော့ပါဘူးလို့ နှစ်ယောက်သားပြော ဆိုယင်း သူမမှာအေးချမ်းမှုနှင့် ဝမ်းမြောက်မှု ရှိလာခဲ့ပါသည်။
ခွင့်လွှတ်ခြင်းကို သင်ဘယ်လိုခံစားရသလဲ။ သင့်ရဲ့ခန္ဓာကိုယ်ကို နွေးထွေးစေသလား သို့မဟုတ် သင့်ညာဖက်လက်တွင် အေးစက်ခြင်း သို့မဟုတ် သင့်လည်ပင်းနောက်တွင် ကလိထိုးသလိုဖြစ်နေပါသလား။ အနံ့အသက်ကောရလား။
သမ္မာကျမ်းစာတွင် ရှင်းလင်းစွာဖေါပြထားပါသည်။ ၁ ယော ၁း၉ “ကိုယ့်အပြစ်တို့ကို ဖေါ်ပြတောင်းပန်လျှင် ငါတို့အပြစ် များကိုလွှတ်၍ ဒုစရိုတ်ရှိသမျှနှင့်ကင်းစင်စေခြင်းငှါ ဘုရားသခင်သည်သစ္စာတရားနှင့်၎င်း ဖြေင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။” ဤနေရာတွင်ဘုရားရှင်က သေးငယ်သောအပြစ်များ သာလျှင် သို့မဟုတ် အကန့်အသတ်ရှိသော အပြစ်အရေအတွက်သာလျှင် ခွင့်လွှတ်သည်ဟု မဆိုထားပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရသော် ကျွန်ုပ်တို့၏အပြစ်များကို ဝန်ချတောင်းပန်ပါက၊ ဘုရားရှင်ကအားလုံးကို ခွင့်လွှတ်တော်မူမည်ဟုဖော်ပြထားပါသည်။ အခြေအနေအရ- ဝန်ခံရမည်။ ကတိတော်အရ- ဘုရားသခင် ခွင့်လွှတ်မည်။ ထို့ကြောင့်သင်၏အလုပ်ကိုလုပ်ပါ၊ ဘုရားသခင်သည်လည်း သူ့၏တာဝန် ကိုလုပ်ဆောင်ပါလိမ့်မည်။
အပြစ်လွှတ်ခြင်းသည် ခံစားရသောအရာတစ်ခုမဟုတ်ပါ။ သိပ္ပံနည်းပညာဖြင့် သက်သေပြနိုင်သောအရာလည်း မဟုတ် ပါ။ ၎င်းသည် ယုံကြည်ခြင်းအားဖြင့်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခံယူပြီး ဘုရားသခင်သည် မလိမ်ညာတတ်ကြောင်း ယုံကြည်ပါ။ ၎င်းနှင့်ပတ်သက်၍ သင်ရှင်းပြ၍မရပါ၊ သင်မထိုက်တန်သော်ငြားလည်း ဘုရား သခင်၏ကတိတော်များသည် သူ၏စရိုက်နှင့်နှုတ်ကပတ်တော်ကို အခြေခံသောကြောင့် ရာခိုင်နှုန်းပြည့်လုံခြုံကြောင်း သိရပါသည်။ ဘုရားသခင့်နှုတ်ကပါတ်တော်ထက် ဘယ်အရာကမှ ပိုပြီးမလုံခြုံပါ။
သင်၏အပြစ်ကိုဝန်ချတောင်းပန်သောအခါ၌ ထိုခဏခြင်း၌ပင် သင်သည်ခွင့်လွှတ်ခြင်းခံရသည်။ သခင်ယေရှုသည် သင် ၏အပြစ်အတွက် လက်ဝါးကပ်တိုင်မှာ ပေးဆပ်ခဲ့ပြီးဖြစ်သည်။ “ဤလောက၏အပြစ်ကိုဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့။” (ယော ၁း၂၉)။
“သူ၏အသွေးသည် လုံလောက်သည်၊ သူ၏အသွေး၌ သင်သည် သင်၏အပြစ်များအားလုံးအတွက် ရွေးနှုတ်ခြင်းဖြစ် သည်” (ဧဖက် ၁း၇)။
သင်၏အပြစ်များကို ဝန်ချတောင်းပန်ပြီးပါက ဘုရားသခင်ကတိပြုထားသည့်အတိုင်း ယုံကြည်ရန်၊ ရွေးချယ်ရန်၊ ယုံ ကြည်ခြင်းကိုကျင့်သုံးရန် လိုအပ်ပါသည်။ “အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ဖြောင့်မတ်ခြင်းဖခင် အဖြစ် အသိအမှတ်ပြုခံရသည်” ရောမ ၄:၃။ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ (ရောမ ၁:၁၇) ဆိုသောကတိတော် ကိုသတိရပါ။ သင်သည်ယုံကြည်သည့်အတိုင်း ခွင့်လွှတ်ခြင်းခံရမည်။ အကြောင်း မူကား ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအ လျောက်ရောက်သည် မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ (ဧဖက် ၂း၈) ကဆိုထားပါသည်။
“ဘုရားသခင်ကိုယုံကြည်ပါ ဆိုသောဤရိုးရှင်းသော လုပ်ရပ်အားဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်၏စိတ်နှလုံး တွင် အသက်တာသစ်ကို မွေးဖွားပေးပါမည်။ သင်သည် ဘုရားသခင်၏မိသားစုတွင် မွေးဖွားလာသော ကလေးကဲ့သို့ဖြစ် ၍၊ သူသည် သားတော်ကိုချစ်သကဲ့သို့ သင့်ကိုချစ်မည်။ (Steps to Christ, p. 52) ခွင့်လွှတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ကယ် တင်ခြင်း၊ အားလုံးသည် ယုံကြည်ခြင်းအားဖြင့် ဘုရားရှင်ထံမှရရှိသည့် လက်ဆောင်ဖြစ်သည်။
“သင်သည်အပြစ်သားတစ်ယောက်ပါ။ ကျုးလွန်မိခဲ့သည့်အပြစ်အတွက် သင်မဖြေလွတ်နိုင်ပါ။ သင့်၏စိတ်နှလုံးကိုပြောင်း လဲကာ သန့်ရှင်းအောင်ပင်သင်မလုပ်နိုင်ပါ။ သို့သော် ဘုရားသခင်သည် ခရစ်တော်အားဖြင့် အရာအားလုံးကိုသင့်အတွက် လုပ်ဆောင်ပေးမည်ဟု ကတိပြုထားပါသည်။ ထိုကတိတော်ကို သင်ယုံပါ။ ၎င်းကတိတော်ကိုယုံလျင် ဘုရားသခင်သည် အမှန်ကို ဖြည့်ဆည်းပေးမည်ဖြစ်သည်။ သင်ကျန်းမာလာသည်ဟုခံစားရရန် မစောင့်ပါနှင့်၊ ကျွန်ုပ်ယုံပါသည်။ ခံစားရ ခြင်းမဟုတ်ဘဲ ဘုရားသခင်ကိုယ်တိုင် ကတိပေးထားခြင်းဖြစ်ပါသည်။” (Steps to Christ, p. 51).
သခင်ခရစ်တော်၏လက်ဝါးကပ်တိုင်ကို ကြည့်သောအခါ ထူးခြားသောသူ့၏ချစ်ခြင်းမေတ္တာကို ထင်ရှားစွာ မြင်တွေ့ရ မည်ဖြစ်ပါသည်။ စေတစ်ခွန်းပိုင်ရှင် စကြဝဠာကြီး၏ ဖန်ဆင်းရှင်ယေရှုဘုရားသခင်သည် လူ့အသွင် သဏ္ဍာန်ကိုဆောင် ယူ၍၊ သင်တို့၏ဒုစရိုက်များကိုယူဆောင်ကာ အသေခံခဲ့ပါသည်။ ခရစ်တော်၏လက်ဝါးကပ်တိုင် ကို အာရုံပြုခြင်းအားဖြင့် ရက်ရောသည့်သူ့၏ကျေးဇူးတရားများကို သတိပြုမိလာမည်ဖြစ်သည်။ ခပ်သိမ်းသောခွင့်လွတ်ခြင်းတရား၏အခြေခံသည် ဘုရားသခင်၏အနိုင်းမဲ့ချစ်ခြင်း မေတ္တာ၌သာ တွေ့နိုင်ပါသည်။ (Christ’s Object Lessons, p. 251).
အတူတကွဆုတောင်းကြပါစို့။
ဆုတောင်းချိန် (၃၀-၄၅ မိနစ်)
အတူတကွ ဆုတောင်းနည်းအမျိုးမျိုးရှိပါသည်။ သန့်ရှင်းသောဝိညာဉ်တော်လမ်းပြမှုနှင့် မည်သည့်နည်းဖြင့်မဆို စည်းလုံး ညီညွတ်စွာဆုတောင်းခြင်းအားဖြင့် မိနစ် ၃၀ မှ ၄၅ အထိ အချိန်ပေးရန် တိုက်တွန်းအပ်ပါသည်။ ဆုတောင်းရာတွင် အ တတ်နိုင်ဆုံးဝါကျ နှစ်ကြောင်းသုံးကြောင်းသာအသုံးပြုပါ။ ဤသို့အားဖြင့် လူများစွာကို အကြိမ်များစွာ ဆုတောင်းနိုင် စေပါသည်။ အောက်ဖေါပြပါ ဆောင်ပုဒ်နှင့် အခြေခံကျမ်းချက်များသည် ဆုတောင်းခြင်း၏ ဥပမာအချို့ဖြစ်သည်။ သင့် အနေဖြင့် အခြားကျမ်းပိုဒ်များမှတစ်ဆင့် ဆုတောင်းနိုင်ပြီး သင်၏ဆုတောင်းချိန်၌ အခြားအကြောင်းအရာများကိုပါ ထည့်သွင်းနိုင်ပါသည်။ ခေါင်းဆောင်၏လမ်းညွှန်မှုနှင့် ကမ္ဘာ့အသင်းတော်ဆုတောင်းချက်များအတွက် ဆုတောင်းချက် အကြံဉာဏ်များကိုလည်းကြည့်ပါ။
ယေရှု၏ဆုတောင်းပဌနာ – မဿဲ ၆:၁၄ “အကြောင်းမူကား သင်တို့သည် သူတပါးတို့၏အပြစ်ကိုလွတ်လျင် ကောင်းကင် ဘုံ၌ရှိတော် မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကိုလွှတ်တော်မူမည်။
“လူတို့သည် သူတို့၏ လွန်ကျူးမှုကို ခွင့်လွှတ်လျှင်”
ကိုယ်တော် တစ်ခါတလေကျွန်နုပ်တို့ ခွင့်မလွှတ်ချင်ဘူးလို့ ဝန်ခံပါတယ်။ နာကြည်းမှုနှင့် နာကြင်မှုများမှ လွတ်မြောက် စေတော်မူပါ။ ကျွန်ုပ်တို့၏ စိတ်နှလုံးကို ပြောင်းလဲပြီး ကိုယ်တော်၏ ကျေးဇူးတော်သည် ကျွန်ုပ်တို့ထံနှင့် အခြားသူများ ထံ စီးဆင်းစေတော်မူပါ။ ကျွန်ုပ်တို့၏ရန်သူများကို မိတ်ဆွေအဖြစ် အသွင်ပြောင်းပြီး ကိုယ်တော်၏နိုင်ငံတော်အတွက် ဆောင်ရွက်ရာ၌ ကျွန်ုပ်တို့၏နှလုံးသားများကို စည်းလုံးညီညွတ်စေပါ။
“ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့ကို ခွင့်လွှတ်တော်မူလိမ့်မည်”
နောင်တရခြင်းနှင့် ရွေးနှုတ်ခြင်းဆိုင်ရာ မဟာဆုကျေးဇူးများအတွက် ကျေးဇူးတင်ပါသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ကိုယ်တော်၏ခွင့်လွှတ်မှုကို လက်ခံနိုင်ရန် ရုန်းကန်ရပြီး ကိုယ်တော်၏မျက်နှာသာရရှိရန် ကြိုးစားကြပါသည်။ ကိုယ် တော်၏ခွင့်လွှတ်မှုကို ရွှင်လန်းစွာခံယူပြီး ၎င်းကျေးဇူးကို အခြားသူများထံ ဆက်ကပ်ရန် ကျွန်ုပ်တို့အား သွန်သင်တော် မူပါ။
ထပ်ဆင့် ဆုတောင်းအကြံပြုချက်များ။
ကျေးဇူးတော်နှင့် ချီးမွမ်းခြင်း- တိကျသော ကောင်းချီးမင်္ဂလာများအတွက် ကျေးဇူးတော်ကို ချီးမွမ်းပြီး သူ၏ကောင်း
မြတ်မှုအတွက် ဘုရားသခင်ကို ချီးမွမ်းပါ။
ဝန်ခံခြင်း – သီးသန့်ဝန်ခံမှုအတွက် မိနစ်အနည်းငယ်ယူ၍ သူ၏ခွင့်လွှတ်မှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါ။
လမ်းညွှန်ချက် – လက်ရှိစိန်ခေါ်မှုများနှင့် ဆုံးဖြတ်ချက်များအတွက် ဉာဏ်ပညာကို ဘုရားသခင်ထံ တောင်းလျှောက်ပါ။
ကျွန်ုပ်တို့၏အသင်းတော်- ဒေသဆိုင်ရာနှင့် ကမ္ဘာ့အသင်းတော်လိုအပ်ချက်များအတွက် ဆုတောင်းပါ။
ဒေသဆိုင်ရာ တောင်းဆိုချက်များ- ဘုရားကျောင်းအဖွဲ့ဝင်များ၊ မိသားစုနှင့် အိမ်နီးချင်းများ၏ လက်ရှိလိုအပ်ချက် များအတွက် ဆုတောင်းပါ။
နားထောင်ပြီး တုံ့ပြန်ပါ- ဘုရားသခင်ရဲ့ အသံတော်ကို အချိန်ယူပြီးနားထောင်ပါ။ သီချင်းနှင့်တကွချီးမွမ်း တုံ့ပြန်ဖို့ အချိန်
ပေးပါ။
အကြံပြုသီချင်းများ- ဓမ္မသီချင်းနံပါတ် ၂၃ အံ့ဖွယ်ကျေးဇူးတော်ကျုး ၃၇ ဝေးလှသောတောင်ကုန်းပေါ်ကျုး
၁၃၀ ရွေးပြီကျုး ၁၈၅ ယေရှုရှင်ကျွန်ုပ်စိတ်ချစရာကျုး
အခြားသီချင်းများ – Grace That Is Greater; Behold, What Manner of Love; For God So Loved the World
၁၀ ရက်နေ့ – သွေးဆောင်ခြင်းသို့မပို့ဆောင်ပါနှင့်။
“မကောင်းမှုသည် ဘုရားသခင်အား မသွေးဆောင်နိုင်ရာ။ ထို့ပြင် ကိုယ်တော်တိုင် အဘယ်သူ့ကိုမျှ စုံစမ်းသွေးဆောင် တော်မမူ” (ယာကုပ် ၁း၁၃) ။
ဘုရားသခင်က အမှန်တကယ် သွေးဆောင်ခြင်းသို့ပို့ဆောင်ပါသလား။
ဘုရားသခင်သည် သန့်ရှင်းသည်။ ချစ်ခြင်းမေတ္တာဖြစ်သည်။ မည်သို့ကိုမျှ ဘုရားသခင်မသွေးဆောင်ပါ။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုသွေးဆောင်ကြသည် (ယာကုပ် ၁း၁၄-၁၅)။ ထိုသို့ဆိုလျှင် ပတ္ထနာတော်ထဲက “သွေးဆောင်ခြင်းသို့မပို့ဆောင် ပါနှင့်” ဟု ခရစ်တော်မိန့်ကြားသောအခါ ခရစ်တော်က ဘာကိုဆိုလိုသည်ကို သင်တွေးတောမိဖူးပါသလား။ ဘုရားသခင် သည် ကျွန်ုပ်တို့ကို အပြစ်ထဲသို့သွေးဆောင်သည်ဟု ခရစ်တော်မဆိုလိုခဲ့ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အပြစ်ထဲသို့ မတွန်းပို့အောင်ဟုလည်း မဆိုလိုပါ။
ဤသို့ဖြစ်လျှင် ဘာကိုဆိုလိုသနည်း။ အများအားဖြင့်၊ ဘာသာစကား၊ ဂရိဘာသာ၌ စကားလုံးတစ်လုံးက အဓိပ္ပါယ်တစ် ခုမကရှိပါသည်။ သို့ဖြစ်ပါ၍ မူရင်းစရားလုံးနှင့်စကားရပ်ကိုကြည့်ပါစို့. ဂရိစကားလုံး eisphero ကို မြန်မာဘာသာ “ပို့ ဆောင်” ဖြစ်သည်။ ဤကျမ်းပုဒ်က “ကျွန်ုပ်ကိုမသွားပါစေနှင့်၊ ကျွန်ုပ်ကို ထိုအရပ်၌ မစွန့်ထားပါနှင့်၊ ကျွန်ုပ်ကို သွား ခွင့်မပြုပါနှင့်၊ “သွေးဆောင်” ဟုမဆိုလိုပါ။
ဂရိစကားလုံး peirasmon သည် မြန်မာဘာ “စုံစမ်းသွေးဆောင်ခြင်း” ဖြစ်သည်။ ဤစကားလုံးကို “စစ်ဆေးခြင်း၊ စမ်း သပ်ခြင်း၊ အခက်အခဲ” ဟု ဘာသာပြန်ဆို၍ရပါသည်။ ထို့ကြောင့် ဤစကားစု “သွေးဆောင်ခြင်းသို့မပို့ဆောင်ပါနှင့်” က “ကျေးဇူးပြု၍ ကျွန်ုပ်တစ်ဦးတည်းမစွန့်ထားပါနှင့်၊ ကျွန်ုပ်အပြစ်ထဲမှာချော်နေဦးမည်” (သို့) ကျွန်ုပ်ကို စမ်းသပ်ပါက အ ကြာကြီးတစ်ယောက်တည်းမစွန်းထားပါနှင့်၊ အပြစ်ထဲ၌ချော်နေဦးည်” ဟု ပြန်ဆိုရပါမည်။
သင်၏နှလုံးသားနှင့်ဝိညာဉ်ရေးအခြေအနေ၊ သင်၏လိုအပ်ချက်များကိုတွေ့မြင်နိုင်အောင် ဘုရားသခင်သည်တစ်ခါတစ် ရံသီးခြားအခြေအနေတွင် သင့်ကိုထားပေးသည်။ နှုတ်ကပတ်တော်က “ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းရှိခြင်းဖြစ်သည်ကို မသိပါတကား (ဗျာ ၃း၁၇) ဟုပြောထားသည်။ သင်သည် ဖျားနာမှန်သိသောအခါ၌ ဆရာဝန်သွားပြသည်။ သို့သော် ကိုယ်သိသောအရာကို မည်သို့ဖြေရှင်းမည်နည်း။
ကျွန်ုပ်တို့၏အခြေအနေကိုကျွန်ုပ်တို့မြင်သည့်ခါ၌၊ ကျွန်ုပ်တို့သည် မည်မျှအပြစ်ရှိသည်ကို သိရှိနားလည်သည့်အခါ၌ ကျွန်ုပ်တို့သည် ခရစ်တော်ကိုလိုအပ်ကြောင်း သိရှိလာကြသည်။ ခရစ်တော်နှင့်အနီးကပ်ဆုံးနေသူများသည် လူသားတို့ ၏ချည့်နဲ့ခြင်းနှင့်ဒုစရိုက်ကိုအရှင်းလင်းဆုံး ပိုင်းခြားသိမြင်ကြသည်။ သူတို့၏တစ်ခုတည်းသောမျှော်လင့်ခြင်းသည် လက် ဝါးကားတိုင်မှာအသေခံပြီး၊ ရှင်ပြန်ထမြောက်သောကယ်တင်ရှင်၏ကျေးဇူးတော်ဖြစ်ကြောင်းသိနားလည်းကြသည် (The Great Controversy, p. 471)
ဘုရားသခင်က ဟေဇကိမင်းကိုစမ်းသပ်ခဲ့သည် (၂ ရာဇဝင်ချုပ် ၃၂း၃၁)။ ဘုရားသခင်က ကျွန်ုပ်တို့၏နှလုံးသားများကို စမ်းသပ်သည် (သုတ္တံ ၁၇း၃)။ ဒါဝိဒ်မင်းက “အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားစမ်းသပ်စစ်ဆေးတော်မူပါ” (ဆာလံ ၂၆း၂) ဟုဆုတောင်းခဲ့သည်။ ရှင်ပေတရုက ပြင်းထန်စွာစုံစမ်းနှောင့်ယှက်ခြင်းကိုခံရသောအခါ မအံ့ဩကြပါနှင့် (၁ ပေတရု ၄း၁၂) ပြောထားသည်။
ကျွန်ုပ်တို့၏ဒုစရိုက်အမြင်က ကျွန်ုပ်တို့ကိုခွင့်လွှတ်နိုင်တော်မူသောအရှင်၏အထံတော်သို့တွန်းပို့နိုင်သည်။ စိတ်ဝိညာဉ် သည် ၎င်း၏အကူအညီမဲ့သောအခြေအနေကိုသိရှိပြီး ခရစ်တော်ကိုချဉ်းကပ်လာသည်အခါ၌ ခရစ်တော်သည်သူ၏တန်ခိုး တော်ကိုပြသလိမ့်မည် (Steps to Christ, p. 65)
ထို့ကြောင့် “ကျွန်ုပ်တို့၏ကြီးမားသောရန်သူသည် ပူပင်သောကရောက်နေသောဝိညာဉ်ကို ဘုရားသခင်နှင့်ဝေးစေရန် စဉ်ဆက်မပြတ်ကြိုးစားနေသည်” (Prayer, p. 270)။ ကျွန်ုပ်တို့သည်ဘုရားသခင်နှင့်ကွဲထွက်သွားလျှင် အပြစ်ထဲသို့ကျ ရောက်သွားမည်ကိုသူသိသည်။
သခင်ဘုရား၏ပတ္ထနာနောက်ဆုံးပိုင်းတွင် တန်ခိုးနှင့်အောင်ပွဲ၏လျှို့ဝှက်ချက်ကို ခရစ်တော်က မီးမောင်းထိုးပြထား သည်။ ကျွန်ုပ်တို့၏တစ်ခုတည်းသောမျှော်လင့်ချက်မှာ ခရစ်တော်၌အမြဲတည်ရန်၊ ဘယ်သောအခါမှာခွဲခွာမသွားရန်၊ ထွက်ခွါမသွားရန်ဖြစ်သည်။ ခရစ်တော်နှင့်အတူဘုန်းအသရေခံစားရမည်ဖြစ်ကြောင်းတည်း (ကောလောသဲ ၁း၂၇)
တစ်ဦးတည်းအားဖြင့် စိတ်နှလုံးအသစ်ပြောင်းလဲဖို့နှင့်တိုးတက်ဖို့ကျွန်ုပ်တို့တန်ခိုးမရှိပါ။ သို့သော် ကတိတော်သည်ပြတ် သားပြီး၊ လုံခြုံစိတ်ချရသည်။ “ခရစ်တော်၌ရှိသောသူသည်အသစ်သောသတ္တဝါဖြစ်၏” (၂ ကော ၅း၁၇)။
သို့ဖြစ်လျှင် သင်၏ဝိညာဉ်ရေးခရီးမှာ သင်မည်သည့်နေရာမှာရောက်နေသည့်ကို ကိုယ့်ကိုကိုယ်မည့်သို့စစ်ဆေးမည်နည်း။ ကျွန်ုပ်တို့၏အသီးအားဖြင့် သိနိုင်သည် (မဿဲ ၇း၁၆) ဟုမိန့်ဆိုထားသည်။ မည်သို့သီးပွင့်မည်နည်း။ ခရစ်တော်နှင့်အစဉ် မပြတ်ဆက်သွယ်ခြင်းဖြင့် (ယော ၁၅း၁-၅)၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်အစဉ်ပြည့်ဝခြင်းဖြင့် (ဂလာတိ ၅း၂၂၊ ၂၃) သီးပွင့်မည်။
ဘာသာရေးသမားတစ်ယောက်က ဘုရားကျောင်းထဲသို့လူများကိုပို့ဆောင်၊ နေရာပေးသည်။ သို့သော် အကျင့်စရိုက်နှင့် အမူအကျင့်များကို ခရစ်တော်နှင့်ဆက်နွယ်မှုရှိမရှိကိုထင်ရှားစေသည် (The Desire of Ages, p. 676)။ ခရစ်တော်၌ရှိ နေလျှင် သူဘာလုပ်ဆောင်သည်ကိုနားလည်ရန်မလိုအပ်ပါ။ သူ့ကိုကိုးစားဖို့ရန်သာလိုအပ်သည်။ အထံတော်သို့လာသော သူအပေါင်းတို့ကို ကယ်တင်တော်မူ၏။ (ဟေဗြဲ ၇း၂၅)
“မကောင်းမှုကိုတွန်းလှန်ရန်တစ်ခုတည်းသော အကာအကွယ်မှာ နှလုံးသားထဲ၌ ခရစ်တော်ကျိန်းဝပ်နေခြင်းဖြစ်သည်” (The Desire of Ages, p. 324)။
ဘုရားသခင်က မခြားမလပ်ဆုတောင်းရန်၊ ထာဝရဘုရား၏နာမတော်ကို အစဉ်တစိုက်ပတ္ထနာ ပြုရန်၊ သူနှင့်အတူ လျှောက်လှမ်းရန်၊ မျက်မှောက်တော်ကိုအစဉ်မပြတ် သတိပြုရန်၊ ကိုယ်တော်ကို လုံးလုံးလျားလျား မှီခိုအားထားရန်၊ ကိုယ်တော်နှင့် ဘယ်သောအခါမျှ မခွဲခွာရန်ဖိတ်ခေါ်နေပါသည်။ ဤအရာသည် သင်၏တစ်ခုတည်းသောခွန်အာ ဖြစ် သည်။ ထို့အပြင် “ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည် (ယာကုပ် ၄း၈) ဟု ကတိပြုထားသည်။
အတူတကွဆုတောင်းကြရအောင်
ဆုတောင်းချိန် (၃၀ – ၄၅ မိနစ်)
အတူတကွဆုတောင်းနည်းအမျိုးမျိုးရှိပါသည်။ သန့်ရှင်းသောဝိညာဉ်၏လမ်းမှုအတိုင်း စုပေါင်းဆုတောင်းခြင်း (united prayer) ကိုအသုံးပြု၍ ၃၀ – ၄၅ မိနစ် ဆုတောင်းကြရန်တိုက်တွန်းအပ်ပါသည်။ စုပေါင်းဆုတောင်းခြင်းသည် လူများကို ဆုတောင်းခွင့်အကြိမ်ပို၍ရစေပါသည်။ နှုတ်ကပတ်ကျမ်းစာကိုအခြေခံသောဆုတောင်းခြင်းဆောင်ပုဒ်ကို အောက်ပါအ တိုင်း နမူနာများပြထားပါသည်။ အခြားကျမ်းပုဒ်များအားဖြင့်လည်း ဆုတောင်းနိုင်ပါသည်။ အခြားအကြောင်းအရာများကို လည်းထည့်သွင်းနိုင်ပါသည်။ ဆုတောင်းချက်အကြံအဉာဏ်များအတွက် ခေါင်းဆောင်လမ်းညွှန်နှင့်ကမ္ဘာ့အသင်းတော်၏ ဆုဆောင်းချက်တောင်းခံချက်များကိုကြည့်ပါ။
ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဆုဆောင်းခြင်း
“မကောင်းမှုသည်ဘုရားသခင်အားမသွေးဆောင်နိုင်ရာ။ ထို့ပြင်ကိုယ်တော်တိုင် အဘယ်သူ့ကိုမျှစုံစမ်းသွေးဆောင်တော် မမူ”
“မကောင်းမှုသည်ဘုရားသခင်အားမသွေးဆောင်နိုင်ရာ”
အိုအဖ၊ မကောင်းမှုကိုတွန်းလှန်၊ အောင်မြင်ကျော်လွှားနိုင်အောင် ကျွန်ုပ်တို့၏နေရာတွင် သခင်ခရစ်တော် ကိုစေလွှတ် တော်မူသည့်အတွက် ကျေးဇူးတင်ပါ၏။ ကိုယ်တော်ရှိရာ၌ မှောင်မိုက်မရှိနိုင်ရာ။ ကောင်းမြတ်ခြင်းနှင့်အလင်းသာရှိပါ၏။ ကိုယ်တော်သည် အပြစ်နှင့်သေခြင်းကိုအောင်မြင်ခဲ့ပြီဖြစ်ကြောင်း ကျွန်ုပ်တို့သိပါ၏။ ကိုယ်တော်နှင့်ဆင်တူဖြစ်အောင် ပြုပြင်ပြောင်းလဲနေပါ၏။ ကျွန်ုပ်တို့၏မျက်စိများကို ကိုယ်တော်ကိုသာစိုက်ကြည့်နေစေရန် စောင့်ရှောက်တော်မူပါ။
“ထို့ပြင်ကိုယ်တော်တိုင် အဘယ်သူ့ကိုမျှစုံစမ်းသွေးဆောင်တော် မမူ”
ကိုယ်တော်၊ ကျေးဇူးပြု၍ ကိုယ်တော်နှင့်ခွဲခွာစေသော စုံစမ်းနှောင့်ယှက်ခြင်းများမှဝေးစေရန်ကျွန်ုပ်တို့ကို စောင့်ရှောက် တော်မူပါ။ ကျွန်ုပ်တို့ကိုသွေးဆောင်သောကိုယ်ကျိုးရှာသည့်ဆန္ဒများမှလွတ်မြောက်ရန်သွန်သင်တော်မူပါ။ ကိုယ်တော် ၏အစက်အပြောက်ကင်းသောအကျင့်စရိုက်ဖက်သို့ကျွန်ုပ်တို့၏မျက်စိကိုလှည့်တော်မူပါ။ ကိုယ်တော်မုန်းသောအရာကို မုန်းလျက် ကိုယ်တော်ချစ်သောအရာကိုချစ်နိုင်ရန်မစတော်မူပါ။
နောက်ထပ်အကြံပြုချက်များ
ကျေးဇူးတင်ခြင်းနှင့်ဂုဏ်တော်ချီးမွမ်းခြင်း – တိကျသောကောင်းကြီးမင်္ဂလာများနှင့်ကောင်းမြတ်ခြင်းအတွက် ဘုရား သခင်ကိုချီးမွမ်းပါ။
အပြစ်ဝန်ချတောင်းပန်ခြင်း – အချိန်အနည်းငယ်ယူကိုယ်ရေးအပြစ်ဝန်ချတောင်းပန်ခြင်းနှင့်သူ၏ခွင့်လွှတ်ခြင်းအတွက်
ဘုရားသခင်ကိုကျေးဇူးတင်ပါ။
လမ်းပြပိုဆောင်မှု – လက်ရှိစိန်ခေါ်မှုများနှင့်ဆုံးဖြတ်ချက်များအတွက် ဉာဏ်ပညာကိုတောင်းလျှောက်ပါ။
ဒေသန္တရအသင်းတော် – ဒေသန္တရနှင့်ကမ္ဘာ့အသင်းတော်လိုအပ်ချက်များအတွက် ဆုတောင်းပါ။
ဒေသတောင်းဆိုချက်များ – လက်ရှိအသင်းသူအသင်းသားများ၊ မိသားစုနှင့်အိမ်နီးချင်းတို့၏လိုအပ်ချက်များအတွက် ဆု
တောင်းပါ။
နားထောင်၍တုံ့ပြန်ပါ – ဘုရားသခင်၏အသံတော်ကိုအချိန်ယူ၍နားထောင်ပါ၊ ချီးမွမ်းခြင်းဖြင့်တုံ့ပြန်ပါ။
Song Suggestions
SDA Hymnal: Day by Day (#532); Trust and Obey (#590); Draw Me Nearer (#306)
Other Songs: You Are My Hiding Place; Into My Heart; Change My Heart, O God